ဘဂၤါလီ ဒုကၡသည္ေတြကို ျပန္ခြင့္ျပဳဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ဂူတာရက္စ္ တိုက္တြန္း

ဘဂၤလားေဒ့ရွ္ဘက္ကို ေရာက္ရွိေနတဲ့ မြတ္စလင္ ဒုကၡသည္ေတြကို ျပန္ခြင့္ျပဳဖို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ကုသမဂၢ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတာရက္စ္က တိုက္တြန္းလိုက္ပါတယ္။

ထိပ္သီး စည္းေဝးပြဲအတြက္ ဖိလစ္ပိုင္ႏို္င္ငံမွာ ေရာက္ရွိေနၾကတဲ့ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မစၥတာ ဂူတာရက္စ္တို႔ ဒီေန႔ ႏိုဝင္ဘာ ၁၄ ရက္မွာ ေတြ႔ဆံုစဥ္ အဲဒီလို တိုက္တြန္းလိုက္တာ ျဖစ္ပါတယ္။

ဒီေတြ႔ဆံုတိုက္တြန္းမႈဟာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေနာက္ထပ္ ဖိအားေပးမႈ တစ္ခု ျဖစ္ပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္ကလည္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ မနီလာၿမိဳ႕မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ပါေသးတယ္။ ႏိုင္ငံျခားေရးဝန္ႀကီး ရက္ဇ္ တီလာဆန္ဟာ ျမန္မာႏိုင္ငံကို ဆက္လာ လာေရာက္မွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္ရွိ ဒုကၡသည္ စခန္းေတြမွာ ျမန္မာႏိုင္ငံက ထြက္ေျပးလာတဲ့ ဘဂၤါလီ မြတ္စလင္ ၆ သိန္းေက်ာ္ ရွိတယ္လို႔ ကုလသမဂၢက ထုတ္ျပန္ထားပါတယ္။
………………… ။ ။ ………………….

ဘင်္ဂါလီ ဒုက္ခသည်တွေကို ပြန်ခွင့်ပြုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဂူတာရက်စ် တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိနေတဲ့ မွတ်စလင် ဒုက္ခသည်တွေကို ပြန်ခွင့်ပြုဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းလိုက်ပါတယ်။

ထိပ်သီး စည်းဝေးပွဲအတွက် ဖိလစ်ပိုင်နိ်ုင်ငံမှာ ရောက်ရှိနေကြတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ဂူတာရက်စ်တို့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်မှာ တွေ့ဆုံစဉ် အဲဒီလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံတိုက်တွန်းမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် နောက်ထပ် ဖိအားပေးမှု တစ်ခု ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မနီလာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန်ဟာ မြန်မာနိုင်ငံကို ဆက်လာ လာရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ဒုက္ခသည် စခန်းတွေမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဘင်္ဂါလီ မွတ်စလင် ၆ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

adv_banner