မႏၱေလး မိုးေလဝသ ေရဒါစခန္း ႏွစ္ကုန္မွာ ဖြင့္မယ္

မႏၱေလးတိုင္း၊ တံတားဦး အျပည္ျပည္ဆိုင္ရာ ေလဆိပ္အနီး တည္ေဆာက္ေနတဲ့ မိုးေလဝသ ေရဒါစခန္းကို အခုႏွစ္ကုန္ပိုင္းမွာ ဖြင့္လွစ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ေရဒါ စခန္းကို ဂ်ပန္အျပည္ျပည္ဆိုင္ရာ ေအဂ်င္စီရဲ႕ ေထာက္ပံ့ကူညီမႈနဲ႔ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာမွာ စတင္ တည္ေဆာက္ခဲ့တာ ျဖစ္ၿပီး အင္ဂ်င္နီယာေတြကိုလည္း ေရဒါကိရိယာနဲ႔ ပတ္သက္တဲ့ ျပဳျပင္ထိန္းသိမ္းေရးနဲ႔ ကိုင္တြယ္သံုးစြဲျခင္းဆိုင္ရာေတြကို သင္ၾကားေပးေနပါတယ္။

ေက်ာက္ျဖဴ ေရဒါစခန္းကို ၂၀၁၅ ခုႏွစ္၊ ရန္ကုန္ ေရဒါစခန္းကို ၂၀၁၆ ခုႏွစ္တို႔မွာ ဖြင့္လွစ္ႏိုင္ခဲ့ၿပီး မႏၱေလး ေရဒါစခန္းက သံုးခုေျမာက္ ျဖစ္ပါတယ္။ ေရဒါစခန္း သံုးခုက ဖမ္းယူရရွိတဲ့ ပံုရိပ္ေတြကို ေနျပည္ေတာ္ မိုးေလဝသ ခန္႔မွန္းေစာင့္ၾကည့္ေရးဌာနက ၿဂိဳဟ္တုစနစ္ကေန တိုက္႐ိုက္ၾကည့္႐ႈကာ မိုးေလဝသ ျဖစ္စဥ္ေတြကို အခ်ိန္မီ သတင္းထုတ္ျပန္ႏိုင္မွာ ျဖစ္ပါတယ္။
……………….. ။ ။ ………………….

မန္တလေး မိုးလေဝသ ရေဒါစခန်း နှစ်ကုန်မှာ ဖွင့်မယ်

မန္တလေးတိုင်း၊ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး တည်ဆောက်နေတဲ့ မိုးလေဝသ ရေဒါစခန်းကို အခုနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။

ရေဒါ စခန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ အေဂျင်စီရဲ့ ထောက်ပံ့ကူညီမှုနဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး အင်ဂျင်နီယာတွေကိုလည်း ရေဒါကိရိယာနဲ့ ပတ်သက်တဲ့ ပြုပြင်ထိန်းသိမ်းရေးနဲ့ ကိုင်တွယ်သုံးစွဲခြင်းဆိုင်ရာတွေကို သင်ကြားပေးနေပါတယ်။

ကျောက်ဖြူ ရေဒါစခန်းကို ၂၀၁၅ ခုနှစ်၊ ရန်ကုန် ရေဒါစခန်းကို ၂၀၁၆ ခုနှစ်တို့မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး မန္တလေး ရေဒါစခန်းက သုံးခုမြောက် ဖြစ်ပါတယ်။ ရေဒါစခန်း သုံးခုက ဖမ်းယူရရှိတဲ့ ပုံရိပ်တွေကို နေပြည်တော် မိုးလေဝသ ခန့်မှန်းစောင့်ကြည့်ရေးဌာနက ဂြိုဟ်တုစနစ်ကနေ တိုက်ရိုက်ကြည့်ရှုကာ မိုးလေဝသ ဖြစ်စဉ်တွေကို အချိန်မီ သတင်းထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်။

adv_banner