ပုသိမ္မွာ တစ္ေသာင္းတန္ ေငြစကၠဴအတုေတြနဲ႔ စိတ္ၾကြေဆးျပားေတြ ဖမ္းမိ

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕မွာ နံပါတ္တူ တစ္ေသာင္းတန္ ေငြစကၠဴအတု ၂၁ ရြက္နဲ႔ ကာလတန္ဖိုး က်ပ္သိန္း ၁၄၀ ေက်ာ္ တန္ဖိုးရွိ စိတ္ၾကြေဆးျပား ၂၈၉၈ ျပား လက္ဝယ္ထားရွိသူေတြကို ဖမ္းမိခဲ့ပါတယ္။

ပုသိမ္ၿမိဳ႕၊ အမွတ္ (၇) ရပ္ကြက္မွာ ၿဖိဳးႀကီး (ခ) ေဇယ်ာၿဖိဳး (၃၆ ႏွစ္) ေနအိမ္ကို ႏိုဝင္ဘာ ၁၂ ရက္ေန႔က ပုသိမ္ၿမိဳ႕ မူးယစ္တပ္စုက ဝရမ္းနဲ႔ ဝင္ေရာက္ ရွာေဖြရာမွာ WY အမွတ္တံဆိပ္ပါ စိတ္ၾကြေဆးျပား ၁၉၁ ျပားနဲ႔ ဖုန္းတစ္လံုး ရွာေဖြသိမ္းဆည္းရမိပါတယ္။

ၿဖိဳးႀကီးကို ေမးျမန္းစစ္ေဆးၿပီးေနာက္ မာတရပ္ကမ္းနားလမ္းရွိ ကိုေနမ်ိဳးသန္႔-မဝင္းဝင္း ယုဝတီငါးဒိုင္မွာ မဝင္းဝင္းကို ေဆးဝါးသံုးစြဲရာမွာ အသံုးျပဳတဲ့ သက္ေသခံပစၥည္းေတြနဲ႔ အတူ WY ေဆးျပား ၂၇၀၇ ျပား (ေပါက္ေစ်း ၁၃၅ သိန္း)၊ စားပြဲ အံဆြဲထဲက နံပါတ္တူ ေငြစကၠဴ တစ္ေသာင္းတန္အတု ၂၁ ရြက္တို႔ကို သိမ္းဆည္း ရမိပါတယ္။

ၿဖိဳးႀကီး၊ မဝင္းဝင္းနဲ႔ ေနမ်ိဳးသန္႔တို႔ကို မူးယစ္ေဆးဝါးမႈ၊ မဝင္းဝင္းနဲ႔ ခင္ပြန္းျဖစ္သူ ေနမ်ိဳးသန္႔တို႔ကို ဗဟိုဘဏ္ ဥပေဒတို႔နဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။
…………………. ။ ။ ……………………

ပုသိမ်မှာ တစ်သောင်းတန် ငွေစက္ကူတွေနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ နံပါတ်တူ တစ်သောင်းတန် ငွေစက္ကူအတု ၂၁ ရွက်နဲ့ ကာလတန်ဖိုး ကျပ်သိန်း ၁၄၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၈၉၈ ပြား လက်ဝယ်ထားရှိသူတွေကို ဖမ်းမိခဲ့ပါတယ်။

ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက်မှာ ဖြိုးကြီး (ခ) ဇေယျာဖြိုး (၃၆ နှစ်) နေအိမ်ကို နိုဝင်ဘာ ၁၂ ရက်နေ့က ပုသိမ်မြို့ မူးယစ်တပ်စုက ဝရမ်းနဲ့ ဝင်ရောက် ရှာဖွေရာမှာ WY အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြား ၁၉၁ ပြားနဲ့ ဖုန်းတစ်လုံး ရှာဖွေသိမ်းဆည်းရမိပါတယ်။

ဖြိုးကြီးကို မေးမြန်းစစ်ဆေးပြီးနောက် မာတရပ်ကမ်းနားလမ်းရှိ ကိုနေမျိုးသန့်-မဝင်းဝင်း ယုဝတီငါးဒိုင်မှာ မဝင်းဝင်းကို ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့ အတူ WY ဆေးပြား ၂၇၀၇ ပြား (ပေါက်ဈေး ၁၃၅ သိန်း)၊ စားပွဲ အံဆွဲထဲက နံပါတ်တူ ငွေစက္ကူ တစ်သောင်းတန်အတု ၂၁ ရွက်တို့ကို သိမ်းဆည်း ရမိပါတယ်။

ဖြိုးကြီး၊ မဝင်းဝင်းနဲ့ နေမျိုးသန့်တို့ကို မူးယစ်ဆေးဝါးမှု၊ မဝင်းဝင်းနဲ့ ခင်ပွန်းဖြစ်သူ နေမျိုးသန့်တို့ကို ဗဟိုဘဏ် ဥပဒေတို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

adv_banner