ခံုတိုင္ရြာခံ ၿမိဳတိုင္းရင္းသား အိမ္ေထာင္တစ္စုကို ေငြ ၅ ေသာင္း ေထာက္ပံ့

ခံုတိုင္ရြာခံ ၿမိဳတိုင္းရင္းသား အိမ္ေထာင္စု တစ္စုလွ်င္ ေငြက်ပ္ ၅ ေသာင္းႏႈန္းနဲ႔ အိမ္ေထာင္စု ၃၈ စုအတြက္ ေငြက်ပ္ ၁၉ သိန္းကို ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာ ေဖျမင့္က ေပးအပ္ခဲ့ပါတယ္။

ေမာင္ေတာေဒသကို ေရာက္ရွိေနတဲ့ ဝန္ႀကီး ေဒါက္တာ ေဖျမင့္က မေန႔က ႏိုဝင္ဘာ ၁၃ ရက္မွာ ၿမိဳ ႐ိုးရာယဥ္ေက်းမႈ အဖြဲ႔အတြက္လည္း ေငြက်ပ္ ၁ သိန္း၊ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုကလည္း ေငြက်ပ္ ၂ သိန္း ေပးအပ္ခဲ့ပါတယ္။

ေမယုေတာင္ေျခကေန ႏွစ္မိုင္အကြာမွာရွိတဲ့ ခံုတိုင္ (ၿမိဳ) တိုင္းရင္းသား ေက်းရြာကို ၾသဂုတ္လ ၂၈ ရက္ေန႔မွာ ARSA အၾကမ္းဖက္သမား ၄၀၀ ေက်ာ္က မီး႐ိႈ႕ဖ်က္ဆီးၿပီး ဝိုင္းဝန္းတိုက္ခိုက္ခဲ့လို႔ ၿမိဳတိုင္းရင္းသား၊ တိုင္းရင္းသူ ခုႏွစ္ဦး ေသဆံုးၿပီး ငါးဦး ဒဏ္ရာရခဲ့ပါတယ္။ အခု ခံုတိုင္ရြာသစ္ကို အစိုးရနဲ႔ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းတို႔ ပူးေပါင္းၿပီး ယခင္ရြာေဟာင္းနဲ႔ တစ္မိုင္ခန္႔အကြာမွာ စတင္ တည္ေဆာက္ေနပါတယ္။
……………………. ။ ။ ……………………….
ခုံတိုင်ရွာခံ မြိုတိုင်းရင်းသား အိမ်ထောင်တစ်စုကို ငွေ ၅ သောင်း ထောက်ပံ့

ခုံတိုင်ရွာခံ မြိုတိုင်းရင်းသား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၅ သောင်းနှုန်းနဲ့ အိမ်ထောင်စု ၃၈ စုအတွက် ငွေကျပ် ၁၉ သိန်းကို ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ပေးအပ်ခဲ့ပါတယ်။

မောင်တောဒေသကို ရောက်ရှိနေတဲ့ ဝန်ကြီး ဒေါက်တာ ဖေမြင့်က မနေ့က နိုဝင်ဘာ ၁၃ ရက်မှာ မြို ရိုးရာယဉ်ကျေးမှု အဖွဲ့အတွက်လည်း ငွေကျပ် ၁ သိန်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကလည်း ငွေကျပ် ၂ သိန်း ပေးအပ်ခဲ့ပါတယ်။

မေယုတောင်ခြေကနေ နှစ်မိုင်အကွာမှာရှိတဲ့ ခုံတိုင် (မြို) တိုင်းရင်းသား ကျေးရွာကို သြဂုတ်လ ၂၈ ရက်နေ့မှာ ARSA အကြမ်းဖက်သမား ၄၀ဝ ကျော်က မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့လို့ မြိုတိုင်းရင်းသား၊ တိုင်းရင်းသူ ခုနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။ အခု ခုံတိုင်ရွာသစ်ကို အစိုးရနဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ယခင်ရွာဟောင်းနဲ့ တစ်မိုင်ခန့်အကွာမှာ စတင် တည်ဆောက်နေပါတယ်။

adv_banner