



………………… ။ ။ …………………

အကြမ်းဖက်ဝါဒအပေါ် မစေ့စပ်စတမ်း ချေမှုန်းရေး တိုက်ပွဲဝင်နေကြောင်း NLD ထုတ်ပြန်

အကြမ်းဖက်ဝါဒအပေါ် မစေ့စပ်စတမ်း ချေမှုန်းရေး၊ အမျိုးသား ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ် (NLD) က ထုတ်ပြန်လိုက်ပါတယ်။

NLD က ထုတ်ပြန်လိုက်တဲ့ (၉၇) နှစ်​​မြောက်​ အမျိုးသား​အောင်​ပွဲ​နေ့ ကြေညာချက်မှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။

ယနေ့ ပစ္စက္ခရဲ့ အရေးအကြီးဆုံးအလုပ်ဟာ ပြည်တွင်းငြိမ်းချမ်းရေး အပြည့်အဝ ရရှိရေးဖြစ်ပြီး အကြီးမားဆုံး စိန်ခေါ်မှုဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ငြိမ်းချမ်းရေး၊ ပြန်လည် ထူထောင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

(၉၇) နှစ်​​မြောက်​ အမျိုးသား​အောင်​ပွဲ​နေ့ အခမ်းအနားကိုလည်း ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာ ရှိတဲ့ NLD ဌာနချုပ်မှာ ဒီနေ့ ကျင်းပခဲ့ကြပါတယ်။

adv_banner