မႏၱေလးမွာ တ႐ုတ္ႏိုင္ငံသား ဖြင့္လွစ္ထားတဲ့ ငါးမန္းဂိမ္းဆိုင္ကို ဖမ္းဆီး

မႏၱေလးၿမိဳ႕မွာ တ႐ုတ္ႏိုင္ငံသား ဖြင့္လွစ္ထားတဲ့ ငါးမန္းဂိမ္း ေလာင္းကစားဆိုင္ကို ႏိုဝင္ဘာ ၁၁ ရက္ေန႔မွာ ဖမ္းဆီးလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံသား ဟူခ်န္ဖင္း (၂၇ ႏွစ္) ဟာ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ ေနအိမ္ကို ငွားရမ္းၿပီး ငါးမန္းဂိမ္းစက္ ၅ လံုးနဲ႔ ေလာင္းကစားခန္း ဖြင့္ထားတာ ျဖစ္ပါတယ္။ မႏၱေလးတိုင္း ရဲတပ္ဖြဲ႔က သတင္းအရ ဝင္ေရာက္ရွာေဖြရာမွာ ဟူခ်န္ဖင္းအျပင္ ျမန္မာ အမ်ိဳးသား ၁၉ ဦး၊ အမ်ိဳးသမီး ၁၂ ဦးတို႔ကို ေငြက်ပ္ သိန္း ၂၀ ေက်ာ္နဲ႔အတူ ဖမ္းဆီးရမိခဲ့ပါတယ္။
ဟူခ်န္ဖင္း ပါအဝင္ ၃၂ ဦးကို ေလာင္းကစားပုဒ္မနဲ႔ လည္းေကာင္း၊ ငါးမန္းဂိမ္းစက္ေတြ ခြင့္ျပဳခ်က္ မရွိဘဲ တင္သြင္းလာတဲ့ တ႐ုတ္ႏိုင္ငံသား ဟူခ်န္ဖင္းကို ပို႔ကုန္/သြင္းကုန္ ဥပေဒနဲ႔လည္းေကာင္း အမႈဖြင့္ စစ္ေဆးေနပါတယ္။
………………….. ။ ။ ………………….

မန္တလေးမှာ တရုတ်နိုင်ငံသား ဖွင့်လှစ်ထားတဲ့ ငါးမန်းဂိမ်းဆိုင်ကို ဖမ်းဆီး

မန္တလေးမြို့မှာ တရုတ်နိုင်ငံသား ဖွင့်လှစ်ထားတဲ့ ငါးမန်းဂိမ်း လောင်းကစားဆိုင်ကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

တရုတ်နိုင်ငံသား ဟူချန်ဖင်း (၂၇ နှစ်) ဟာ ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ်ကို ငှားရမ်းပြီး ငါးမန်းဂိမ်းစက် ၅ လုံးနဲ့ လောင်းကစားခန်း ဖွင့်ထားတာ ဖြစ်ပါတယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာမှာ ဟူချန်ဖင်းအပြင် မြန်မာ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၂ ဦးတို့ကို ငွေကျပ် သိန်း ၂၀ ကျော်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ဟူချန်ဖင်း ပါအဝင် ၃၂ ဦးကို လောင်းကစားပုဒ်မနဲ့ လည်းကောင်း၊ ငါးမန်းဂိမ်းစက်တွေ ခွင့်ပြုချက် မရှိဘဲ တင်သွင်းလာတဲ့ တရုတ်နိုင်ငံသား ဟူချန်ဖင်းကို ပို့ကုန်/သွင်းကုန် ဥပဒေနဲ့လည်းကောင်း အမှုဖွင့် စစ်ဆေးနေပါတယ်။

adv_banner