


……………….. ။ ။ ……………….

မိတ္ထီလာမြို့နယ်မှာ ယာဉ်တိမ်းမှောက်မှု တစ်ဦးသေ၊ လေးဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိတ္ထီလာမြို့နယ်မှာ နေပြည်တော်ကနေ မန္တလေးကို မောင်းလာတဲ့ အိမ်စီးယာဉ် တစ်စီး ရှေ့ဘီးကျွတ်ထွက် တိမ်းမှောက်ခဲ့လို့ တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာ ရသွားပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားတဲ့ အဲဒီ ယာဉ်တိမ်းမှောက်မှုမှာ ယာဉ်မောင်း မြတ်မင်းကို (၁၈ နှစ်) အပါအဝင် အမျိုးသား လေးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

စောသိန်းဆု (၂၂ နှစ်) ကတော့ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။ ယာဉ်မောင်း မြတ်မင်းကို ကို သီးကုန်း အမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်။

adv_banner