ဦးပါေမာကၡကို ဝရမ္းေဟာင္းနဲ႔ လူဝတ္လဲ ဖမ္းဆီး

လယ္ယာေျမ ကိစၥ ဆႏၵျပခြင့္ျပဳဖို႔ ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္း ၿမိဳ႕နယ္ ရဲစခန္းမွာ ခြင့္ျပဳခ်က္ပံုစံ လာေရာက္ေတာင္းယူစဥ္ ဝရမ္းေဟာင္းအရ မေကြးေက်ာင္းတိုက္ ဆရာေတာ္ ဦးပါေမာကၡကို လူဝတ္လဲ ဖမ္းဆီးလိုက္ပါတယ္။

မေန႔က ႏိုဝင္ဘာ ၁၂ ရက္ေန႔က ဒဂံုၿမိဳ႕သစ္ ေျမာက္ပိုင္း ၿမိဳ႕နယ္ ရဲစခန္းမွာ ဆႏၵျပခြင့္ပံုစံ လာေတာင္းတဲ့ ဦးပါေမာကၡကို ၂၀၁၆ ခုႏွစ္ ဧၿပီလက အေမရိကန္ သံ႐ံုးေရွ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့အတြက္ ၿငိမ္းစုစီ ပုဒ္မ ၁၉၊ ႏိုင္ငံေတာ္ အၾကည္ညိပ်က္ေစမႈ ၅၀၅ (ခ) တို႔နဲ႔ ကမာရြတ္ၿမိဳ႕နယ္ တရား႐ံုးမွာ တရားစြဲထားၿပီး လာေရာက္ အဖမ္းမခံတဲ့အတြက္ ဖမ္းဝရမ္း ထုတ္ခံထားရတာ ျဖစ္ပါတယ္။

ဦးပါေမာကၡကို ဗဟန္းၿမိဳ႕နယ္ တိုင္းသံဃမဟာ နာယက႐ံုးမ်ာ လူဝတ္လဲေစၿပီး ကမာရြတ္ ရဲစခန္းကို လႊဲထားပါတယ္။ ညေနပိုင္းမွာ ႐ံုးထုတ္ၿပီး ရမန္ယူကာ အင္းစိန္ေထာင္ကို ပို႔ထားပါတယ္။
…………………… ။ ။ …………………….

ဦးပါမောက္ခကို ဝရမ်းဟောင်းနဲ့ လူဝတ်လဲ ဖမ်းဆီး

လယ်ယာမြေ ကိစ္စ ဆန္ဒပြခွင့်ပြုဖို့ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်ပုံစံ လာရောက်တောင်းယူစဉ် ဝရမ်းဟောင်းအရ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို လူဝတ်လဲ ဖမ်းဆီးလိုက်ပါတယ်။

မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့က ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် ရဲစခန်းမှာ ဆန္ဒပြခွင့်ပုံစံ လာတောင်းတဲ့ ဦးပါမောက္ခကို ၂၀၁၆ ခုနှစ် ဧပြီလက အမေရိကန် သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့အတွက် ငြိမ်းစုစီ ပုဒ်မ ၁၉၊ နိုင်ငံတော် အကြည်ညိပျက်စေမှု ၅၀၅ (ခ) တို့နဲ့ ကမာရွတ်မြို့နယ် တရားရုံးမှာ တရားစွဲထားပြီး လာရောက် အဖမ်းမခံတဲ့အတွက် ဖမ်းဝရမ်း ထုတ်ခံထားရတာ ဖြစ်ပါတယ်။

ဦးပါမောက္ခကို ဗဟန်းမြို့နယ် တိုင်းသံဃမဟာ နာယကရုံးမျာ လူဝတ်လဲစေပြီး ကမာရွတ် ရဲစခန်းကို လွှဲထားပါတယ်။ ညနေပိုင်းမှာ ရုံးထုတ်ပြီး ရမန်ယူကာ အင်းစိန်ထောင်ကို ပို့ထားပါတယ်။

adv_banner