



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စီးတီး တက္ကစီအဖြစ် မှတ်ပုံ မတင်ရသေးတဲ့ ရန်ကုန်လိုင်စင် တက္ကစီတွေ အရေးယူတော့မယ်

စီးတီး တက္ကစီအဖြစ် မှတ်ပုံတင် မပြုလုပ်ထားတဲ့ ရန်ကုန်လိုင်စင် တက္ကစီတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး အရေးယူတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့တော်အတွင်းရှိ ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ အငှားယာဉ်တွေဟာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံးမှာ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး စီးတီးတက္ကစီ မှတ်ပုံတင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်မထားတဲ့ ကားတွေကို အငှားယာဉ် ပြေးဆွဲခွင့် ရုပ်သိမ်းခြင်းမှာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ ရန်ကုန်လိုင်စင်နဲ့ ပြေးဆွဲနေတဲ့ စီးတီး တက္ကစီ စီးရေး ၅ သောင်း၊ နယ်လိုင်စင် တက္ကစီတွေနဲ့ဆိုရင် ယာဉ်အစီးရေ များပြားနေပါတယ်။

adv_banner