





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံထိပ်သီး အစည်းအဝေး ထုတ်ပြန်ချက် မူကြမ်းမှာ ဘင်္ဂါလီမွတ်စလင် ပြဿနာကို အသေးစိတ် ဖော်ပြခြင်း မရှိ

အရှေ့တောင် အာရှ ထိပ်သီးအစည်းအဝေး ကျင်းပချိန်အတွင်း ရခိုင်ပြည်နယ်က ဘင်္ဂါလီ မွတ်စလင်တွေ အစုလိုက် ထွက်ပြေးရမှုကို ရည်ရွယ်ဖော်ပြတာ မရှိခဲ့သလို ထုတ်ပြန်ချက် မူကြမ်းမှာလည်း ဘင်္ဂါလီ မွတ်စလင်တွေနဲ့ ပတ်သက်လို့ အသေးစိတ် ရေးသားဖော်ပြတာ မရှိခဲ့ဘူးလို့ Reuters သတင်းဌာနက ရေးပါတယ်။

ထုတ်ပြန်ချက် မူကြမ်းထဲမှာ ဖိလစ်ပိုင်နိုင်ငံရှိ အစ္စလာမ် စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုကြောင့် ဘေးဒုက္ခ ခံရသူတွေနဲ့ ဗီယက်နမ်နိုင်ငံက သဘာဝ ဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရသူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူညီတွေ ပေးနိုင်ဖို့၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တိုက်ခိုက်မှုတွေအတွင်း ဘေးဒုက္ခ ခံစားရသူတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူညီတွေ ပေးနိုင်ဖို့ကိစ္စတွေပဲ အလေးပေး ဖော်ပြထားပါတယ်။

အဲဒီ မူကြမ်းကို ဖိလစ်ပိုင်နိုင်ငံက ရေးဆွဲခဲ့တာဖြစ်ကာ ရခိုင်ပြည်နယ် အခြေနေကို အသေးစိတ် ဖော်ပြတာ မရှိခဲ့သလို ရိုဟင်ဂျာဆိုတဲ့ အသုံးနှုန်းကို သုံးစွဲတာမျိုးလည်း မရှိခဲ့ပါဘူး။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း မသုံးဖို့ အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်း တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဘင်္ဂါလီ မွတ်စလင်တွေကို ဘင်္ဂလားဒေရှ့် နိုင်ငံက တရားမဝင် ရောက်ရှိခဲ့သူတွေအဖြစ် သတ်မှတ်ထားပြီး နိုင်ငံသားအဖြစ် အသိအမှတ် မပြုထားပါဘူး၊

adv_banner