မူလတန္း၊ အလယ္တန္း ေက်ာင္းအပ္ႏွံတဲ့ မိန္းကေလး အေရအတြက္ တိုးျမင့္လာဖို႔ အေရးႀကီး

အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရး ရရွိေရး လုပ္ေဆာင္ရာမွာ အျပဳသေဘာေဆာင္တဲ့ အေျပာင္းအလဲ ျဖစ္ေပၚလာဖို႔ မူလတန္းနဲ႔ အလယ္တန္းအဆင့္ ေက်ာင္းအပ္ႏွံတဲ့ မိန္းကေလး အေရအတြက္ တိုးျမင့္လာေစဖို႔ အေရးႀကီးတယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕မွာ မေန႔က ႏိုဝင္ဘာ ၁၂ ရက္ေန႔မွာ အာဆီယံစီးပြားေရး အႀကံေပးေကာင္စီ (ASEAN BAC) က ႀကီးမႉးက်င္းပတဲ့ အာဆီယံစီးပြားေရးႏွင့္ ရင္းႏွီးျမွဳပ္ႏွံမႈ ထိပ္သီးအစည္းအေဝး (ABIS) မွာ ေျပာတဲ့ မိန္႔ခြန္းထဲမွာ ထည့္သြင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

မၾကာေသးမီက လူမႈေရး၊ ႏိုင္ငံေရးနဲ႔ စီးပြားေရး အေျပာင္းအလဲေတြမွာ အမ်ိဳးသမီးေတြရဲ႕ ပါဝင္မႈ ႏိုင္ငံအမ်ားအျပားမွာ အံ့အားသင့္ဖြယ္ ျဖစ္ေၾကာင္း၊ ဒါေပမယ့္ အမ်ိဳးသမီးေတြ နယ္ပယ္မ်ားစြာမွာ အခြင့္အလမ္းေတြ ဆံုး႐ံႈးေနရဆဲ ျဖစ္ေၾကာင္း၊ စီးပြားေရး ေအာင္ျမင္မႈနဲ႔ လူမႈေရး ဖြံ႔ၿဖိဳးတိုက္မႈမွာ အမ်ိဳးသမီးရဲ႕ အခန္းက႑ကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ျမန္မာႏိုင္ငံက ဆယ္ႏွစ္ၾကာ စီမံကိန္းျဖစ္တဲ့ အမ်ိဳးသမီးမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရး အမ်ိဳးသား မဟာဗ်ဴဟာေျမာက္ စီမံခ်က္ကို ခ်မွတ္ခဲ့ေၾကာင္းလည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။
…………………. ။ ။ ……………………

မူလတန်း၊ အလယ်တန်း ကျောင်းအပ်နှံတဲ့ မိန်းကလေး အရေအတွက် တိုးမြင့်လာဖို့ အရေးကြီး

အမျိုးသမီးတွေရဲ့ အခွင့်အရေး ရရှိရေး လုပ်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ မူလတန်းနဲ့ အလယ်တန်းအဆင့် ကျောင်းအပ်နှံတဲ့ မိန်းကလေး အရေအတွက် တိုးမြင့်လာစေဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မနေ့က နိုဝင်ဘာ ၁၂ ရက်နေ့မှာ အာဆီယံစီးပွားရေး အကြံပေးကောင်စီ (ASEAN BAC) က ကြီးမှူးကျင်းပတဲ့ အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (ABIS) မှာ ပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အပြောင်းအလဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု နိုင်ငံအများအပြားမှာ အံ့အားသင့်ဖွယ် ဖြစ်ကြောင်း၊ ဒါပေမယ့် အမျိုးသမီးတွေ နယ်ပယ်များစွာမှာ အခွင့်အလမ်းတွေ ဆုံးရှုံးနေရဆဲ ဖြစ်ကြောင်း၊ စီးပွားရေး အောင်မြင်မှုနဲ့ လူမှုရေး ဖွံ့ဖြိုးတိုက်မှုမှာ အမျိုးသမီးရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံက ဆယ်နှစ်ကြာ စီမံကိန်းဖြစ်တဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသား မဟာဗျူဟာမြောက် စီမံချက်ကို ချမှတ်ခဲ့ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

adv_banner