


…………………… ။ ။ …………………..

လမ်းကြောင်းမှန် မတိမ်းမစောင်းဘဲ ဆက်လက် လျှောက်လှမ်းနိုင်ရေး သမ္မတ ဦးထင်ကျော် တိုက်တွန်း

အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စည်းလုံးညီညွတ်မှုနဲ့ အတူ တိုင်းပြည်ဖွံ့ဖြိုးရေး လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတဲ့အတွက် လမ်းကြောင်းမှန်အတိုင်း မတိမ်းမစောင်း ဆက်လက် လျှောက်လှမ်းကြဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်ပါတယ်။

၉၇ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတ ဦးထင်ကျော်က အခုလို တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ခိုင်မာတဲ့ ရည်မှန်းချက်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည် ဖော်နေတဲ့အတွက် ပြည်သူတွေရဲ့ အမျိုးသားစည်းလုံး ညီညွတ်မှုအင်အားနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။

adv_banner