ေမာင္ေတာ စပါးေရာင္းရေငြေတြ ဘဏ္မွာ စာရင္းဖြင့္ထားမယ္

ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသမွာ ေနရပ္စြန္႔ခြာသြားၾကလို႔ မရိတ္သိမ္းႏိုင္တဲ့ စပါးေတြကို အစိုးရက ဦးစီးၿပီး ရိတ္သိမ္းေျခြေလွ႔ေပးၿပီးေနာက္ မိုးစပါးထြက္ရွိမႈ တင္းေပါင္း သိန္း ၂၀ ထြက္ရွိႏိုင္မယ္လို႔ လ်ာထားၿပီး စပါးေရာင္းရေငြေတြကို ဘဏ္မွာ စာရင္းဖြင့္ ထားရွိမွာ ျဖစ္ပါတယ္။

စပါးေရာင္းရ ေငြေတြကို ေမာင္ေတာေဒသ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ျပန္လည္ အသံုးခ်သြားမယ္လို႔ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုက ေျပာပါတယ္။ ေဒသခံ အဝယ္ေတာ္ တစ္ဦးက ထြက္ရွိတဲ့ စပါးေတြကို တာဝန္ခံ ဝယ္ယူမွာ ျဖစ္ၿပီး စာခ်ဳပ္လည္း ခ်ဳပ္ဆိုၿပီးၿပီ ျဖစ္ပါတယ္။

ေမာင္ေတာေဒသမွာ စုစုေပါင္း လယ္ဧက ၄ ေသာင္းေက်ာ္ ရွိၿပီး ရိတ္သိမ္းေျခြေလွ႔စက္ ၆၉ စီးနဲ႔ အျမန္ဆံုး ရိတ္သိမ္းေနတာ ျဖစ္ပါတယ္။ တစ္တင္းကို ၂ ဒသမ ၆၅ ေဒၚလာနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။

……………….. ။ ။ ………………….

မောင်တော စပါးရောင်းရငွေတွေ ဘဏ်မှာ စာရင်းဖွင့်ထားမယ်

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ နေရပ်စွန့်ခွာသွားကြလို့ မရိတ်သိမ်းနိုင်တဲ့ စပါးတွေကို အစိုးရက ဦးစီးပြီး ရိတ်သိမ်းခြွေလှေ့ပေးပြီးနောက် မိုးစပါးထွက်ရှိမှု တင်းပေါင်း သိန်း ၂၀ ထွက်ရှိနိုင်မယ်လို့ လျာထားပြီး စပါးရောင်းရငွေတွေကို ဘဏ်မှာ စာရင်းဖွင့် ထားရှိမှာ ဖြစ်ပါတယ်။

စပါးရောင်းရ ငွေတွေကို မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည် အသုံးချသွားမယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။ ဒေသခံ အဝယ်တော် တစ်ဦးက ထွက်ရှိတဲ့ စပါးတွေကို တာဝန်ခံ ဝယ်ယူမှာ ဖြစ်ပြီး စာချုပ်လည်း ချုပ်ဆိုပြီးပြီ ဖြစ်ပါတယ်။

မောင်တောဒေသမှာ စုစုပေါင်း လယ်ဧက ၄ သောင်းကျော် ရှိပြီး ရိတ်သိမ်းခြွေလှေ့စက် ၆၉ စီးနဲ့ အမြန်ဆုံး ရိတ်သိမ်းနေတာ ဖြစ်ပါတယ်။ တစ်တင်းကို ၂ ဒသမ ၆၅ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။

adv_banner