ရခိုင္ျပည္နယ္မွာ ျပည္သူ႔အတြက္ လူငယ့္ ရက္ ၂၀ အစီအစဥ္ စတင္မယ္

ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသ ျပန္လည္ ထူေထာင္ေရးအတြက္ ျမန္မာႏိုင္ငံတဝန္းက လူငယ္ ေစတနာ့ ဝန္ထမ္းေတြနဲ႔ ေဆာင္ရြက္သြားမယ့္ ျပည္သူ႔အတြက္ လူငယ့္ ရက္ ၂၀ လုပ္ငန္းကို စတင္ေတာ့မွာ ျဖစ္ပါတယ္။

ျပည္သူ႔အတြက္ လူငယ့္ ရက္ ၂၀ လုပ္ငန္း မိတ္ဆက္ အခမ္းအနားကို ႏိုဝင္ဘာ ၁၁ ရက္ေန႔က ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႔႐ံုး အစည္းအေဝးခန္းမမွာ က်င္းပခဲ့ပါတယ္။ လုပ္ငန္းအတြင္း ႀကံဳေတြ႔ရႏိုင္တဲ့ အခက္အခဲေတြကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔နဲ႔ ထိထိမိမိ ကူညီေဆာင္ရြက္ေပးဖို႔ တို႔အတြက္ စီစဥ္ေဆာင္ရြက္ထားေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန ဒု ဝန္ႀကီး ဦးစိုးေအာင္က ေျပာပါတယ္။

လူမ်ိဳးေရး၊ ဘာသာေရး၊ အသားအေရာင္ ခြဲဲျခားမႈ မရွိဘဲ လူသားခ်င္း စာနာေထာက္ထားမႈ စိတ္ဓာတ္ အျပည့္နဲ႔ ပါဝင္ကူညီမယ္လို႔ ေစတနာ့ဝန္ထမ္း လူငယ္အဖြဲ႔ ကိုယ္စားလွယ္ မယဥ္မိုးသူက ေျပာပါတယ္။
…………………. ။ ။ …………………..

ရခိုင်ပြည်နယ်မှာ ပြည်သူ့အတွက် လူငယ့် ရက် ၂၀ အစီအစဉ် စတင်မယ်

ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည် ထူထောင်ရေးအတွက် မြန်မာနိုင်ငံတဝန်းက လူငယ် စေတနာ့ ဝန်ထမ်းတွေနဲ့ ဆောင်ရွက်သွားမယ့် ပြည်သူ့အတွက် လူငယ့် ရက် ၂၀ လုပ်ငန်းကို စတင်တော့မှာ ဖြစ်ပါတယ်။

ပြည်သူ့အတွက် လူငယ့် ရက် ၂၀ လုပ်ငန်း မိတ်ဆက် အခမ်းအနားကို နိုဝင်ဘာ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။ လုပ်ငန်းအတွင်း ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့နဲ့ ထိထိမိမိ ကူညီဆောင်ရွက်ပေးဖို့ တို့အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးစိုးအောင်က ပြောပါတယ်။

လူမျိုးရေး၊ ဘာသာရေး၊ အသားအရောင် ခွဲခြားမှု မရှိဘဲ လူသားချင်း စာနာထောက်ထားမှု စိတ်ဓာတ် အပြည့်နဲ့ ပါဝင်ကူညီမယ်လို့ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့ ကိုယ်စားလှယ် မယဉ်မိုးသူက ပြောပါတယ်။

adv_banner