အူရီဒူးျမန္မာ ကုမၸဏီ ကြန္ရက္ပိုင္း ပိုမုိေကာင္းမြန္ေအာင္ တိုးခ်ဲ႕မယ္

အူရီဒူး ဆက္သြယ္ေရး ကုမၸဏီက ျမန္မာ့ ဆက္သြယ္ေရးလုပ္ငန္းမွာ လုပ္ကိုင္ေနတဲ့ အူရီဒူး ျမန္မာဟာ ျမန္မာႏုိင္ငံအတြင္း ပိုမုိလ်င္ျမန္တဲ့ 4G ဆက္သြယ္ေရး ကြန္ရက္ကို ပိုမုိက်ယ္ျပန္႔စြာ လုပ္ေဆာင္ႏုိင္ဖုိ႔ အေျခခံအေဆာက္ဦးပိုင္းနဲ႔ ကြန္ရက္ပိုင္းကို တုိးခ်ဲ႕လုပ္ကိုင္သြားမယ္လို႔ ေၾကညာလုိက္ပါတယ္။

၂၀၁၇ ခုႏွစ္ အကုန္မွာ အူရီဒူးရဲ႕ အလ်င္ျမန္ဆံုး 4G ဆက္သြယ္ေရး ကြန္ရက္ကို ျမန္မာႏုိင္ငံတဝန္းရွိ ၿမိဳ႕နယ္ေပါင္း ၂၀၀ မွ ျပည္သူ ၁၅ သန္း သံုးစြဲႏုိင္ေအာင္ လုပ္ေဆာင္သြားမွာပါ။ လက္ရွိ ရွိတဲ့ ကြန္ရက္ကို ပုိမုိလ်င္ျမန္ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ၿပီး အင္တာနက္သံုးစြဲရာမွာ လက္ရွိထက္ သံုးဆ ပိုျမန္ေအာင္ လုပ္ေဆာင္သြားဖြယ္ ရွိပါတယ္။

အူရီဒူးကုမၸဏီအုပ္စုရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ ရွိတ္ဘင္နာဆာအယ္တာနီက အူရီဒူး ကုမၸဏီဟာ အင္တာနက္သံုးစြဲႏုိင္မႈပိုင္းနဲ႔ ေပ်ာ္ရြင္မႈေတြျဖစ္ေအာင္ အဓိကထား လုပ္ေဆာင္သြားမွာျဖစ္ၿပီး ေပးထားတဲ့ ကတိေတြ ထိန္းသိမ္းႏုိင္ဖုိ႔ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အူရီဒူးျမန္မာရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ ဗစ္ခရမ္ဆင္ဟာက ကုမၸဏီဟာ သံုးစြဲသူေတြ အင္တာနက္ အသံုးျပဳရမွာ ပိုမုိလွ်င္ျမန္မႈေတြ ရရွိေစဖို႔ ရည္မွန္းထားတယ္လုိ႔ ေျပာပါတယ္။
…………………… ။ ။ ………………………

အူရီဒူးမြန်မာ ကုမ္ပဏီ ကွန်ရက်ပိုင်း ပိုမိုကောင်းမွန်အောင် တိုးချဲ့မယ်

အူရီဒူး ဆက်သွယ်ရေး ကုမ္ပဏီက မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အူရီဒူး မြန်မာဟာ မြန်မာနိုင်ငံအတွင်း ပိုမိုလျင်မြန်တဲ့ 4G ဆက်သွယ်ရေး ကွန်ရက်ကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ဖို့ အခြေခံအဆောက်ဦးပိုင်းနဲ့ ကွန်ရက်ပိုင်းကို တိုးချဲ့လုပ်ကိုင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၁၇ ခုနှစ် အကုန်မှာ အူရီဒူးရဲ့ အလျင်မြန်ဆုံး 4G ဆက်သွယ်ရေး ကွန်ရက်ကို မြန်မာနိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၂၀ဝ မှ ပြည်သူ ၁၅ သန်း သုံးစွဲနိုင်အောင် လုပ်ဆောင်သွားမှာပါ။ လက်ရှိ ရှိတဲ့ ကွန်ရက်ကို ပိုမိုလျင်မြန်အောင် လုပ်ဆောင်သွားမှာဖြစ်ပြီး အင်တာနက်သုံးစွဲရာမှာ လက်ရှိထက် သုံးဆ ပိုမြန်အောင် လုပ်ဆောင်သွားဖွယ် ရှိပါတယ်။

အူရီဒူးကုမ္ပဏီအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ရှိတ်ဘင်နာဆာအယ်တာနီက အူရီဒူး ကုမ္ပဏီဟာ အင်တာနက်သုံးစွဲနိုင်မှုပိုင်းနဲ့ ပျော်ရွင်မှုတွေဖြစ်အောင် အဓိကထား လုပ်ဆောင်သွားမှာဖြစ်ပြီး ပေးထားတဲ့ ကတိတွေ ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အူရီဒူးမြန်မာရဲ့ အမှုဆောင် အရာရှိချုပ် ဗစ်ခရမ်ဆင်ဟာက ကုမ္ပဏီဟာ သုံးစွဲသူတွေ အင်တာနက် အသုံးပြုရမှာ ပိုမိုလျှင်မြန်မှုတွေ ရရှိစေဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

adv_banner