ျမန္မာႏုိင္ငံရဲ႕ စီးပြားေရး အလ်င္ျမန္ တိုးတက္ေန

အာဆီယံအဖြဲ႔ဝင္ ျမန္မာႏိုင္ငံဟာ က႑တိုင္းမွာ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ေနတာေၾကာင့္ စီးပြားေရး အလ်င္အျမန္ တိုးတက္ေနတယ္လို႔ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ဖိလစ္ပိုင္ႏိုင္ငံ၊ မနီလာၿမိဳ႕မွာ က်င္းပတဲ့ အာဆီယံစီးပြားေရး အႀကံေပးေကာင္စီ (ASEAN BAC) ရဲ႕ အာဆီယံစီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးအစည္းအေ၀း (ABIS) ကို တက္ေရာက္ မိန္႔ခြန္းေျပာၾကားခ်ိန္မွာ အခုလို ေျပာခဲ့တာပါ။

စီးပြားေရးနဲ႔ နိုင္ငံေရးအရ ဆယ္စုႏွစ္ခ်ီ ထီးတည္းေနခဲ့ရတဲ့ ျမန္မာနိုင္ငံအတြက္ မၾကာေသး မီအခ်ိန္အတြင္း ကမာၻ႔စီးပြားေရး ေႏွးေကြးလာခ်ိန္မွာ စိန္ေခၚမႈမ်ားစြာ ရွိေနခဲ့ရာ တာဝန္ရွိ အာဆီယံ အဖြဲ႔ဝင္နိုင္ငံတစ္ခု အေနနဲ႔ စီးပြားေရးနဲ႔ လူမႈေရးအရ ပိုမိုခ်ိတ္ဆက္မႈ၊ ေပါင္းစည္းမႈရွိလာဖို႔ ျမန္မာႏိုင္ငံအေနနဲ႔ အာဆီယံ အဖြဲ႔ဝင္နိုင္ငံမ်ား အားလံုးနဲ႔ လက္တြဲေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အဲဒီလို ေပါင္းစည္းေရး လုပ္ငန္းစဥ္လုပ္ေဆာင္ရာမွာ လူသားအရင္းအနွီးျဖစ္တဲ့ တတ္သိပညာရွင္ေတြက စီးပြားေရးနဲ႔ လူမႈဖြံ႔ၿဖိဳးမႈအရ အဆင့္အသီးသီးမွာ ကြဲျပားမႈရွိေနတဲ့ အာဆီယံအဖြဲ႔ဝင္ ႏိူင္ငံေတြၾကား ကြာဟခ်က္ က်ဥ္းေျမာင္းေအာင္ ေဆာင္ရြက္ရာမွာ အေရးပါတဲ့အခန္းက႑က ပါဝင္ေနတယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
…………………….. ။ ။ ………………………

မြန်မာနိုင်ငံရဲ့ စီးပွားရေး အလျင်မြန် တိုးတက်နေ

အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံဟာ ကဏ္ဍတိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကြောင့် စီးပွားရေး အလျင်အမြန် တိုးတက်နေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပတဲ့ အာဆီယံစီးပွားရေး အကြံပေးကောင်စီ (ASEAN BAC) ရဲ့ အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး (ABIS) ကို တက်ရောက် မိန့်ခွန်းပြောကြားချိန်မှာ အခုလို ပြောခဲ့တာပါ။

စီးပွားရေးနဲ့ နိုင်ငံရေးအရ ဆယ်စုနှစ်ချီ ထီးတည်းနေခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် မကြာသေး မီအချိန်အတွင်း ကမ္ဘာ့စီးပွားရေး နှေးကွေးလာချိန်မှာ စိန်ခေါ်မှုများစွာ ရှိနေခဲ့ရာ တာဝန်ရှိ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်ခု အနေနဲ့ စီးပွားရေးနဲ့ လူမှုရေးအရ ပိုမိုချိတ်ဆက်မှု၊ ပေါင်းစည်းမှုရှိလာဖို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီလို ပေါင်းစည်းရေး လုပ်ငန်းစဉ်လုပ်ဆောင်ရာမှာ လူသားအရင်းအနှီးဖြစ်တဲ့ တတ်သိပညာရှင်တွေက စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးမှုအရ အဆင့်အသီးသီးမှာ ကွဲပြားမှုရှိနေတဲ့ အာဆီယံအဖွဲ့ဝင် နိူင်ငံတွေကြား ကွာဟချက် ကျဉ်းမြောင်းအောင် ဆောင်ရွက်ရာမှာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်နေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

adv_banner