ျမန္မာႏိုင္ငံက ေဖ့စ္ဘုတ္ အသံုးျပဳသူတခ်ိဳ႕ကို စစ္တမ္းေကာက္

လူမႈကြန္ရက္ ေဖ့စ္ဘုတ္နဲ႔ Insight Asia တို႔ရဲ႕ ေလ့လာမႈ တစ္ခုအတြက္ ျမန္မာႏိုင္ငံအတြင္းက ေဖ့စ္ဘုတ္ သံုးသူေတြကို စစ္တမ္းေယာက္ယူမႈ ႏိုဝင္ဘာ ၇ ရက္ေန႔က စတင္ခဲ့ပါတယ္။

စစ္တမ္းမွာ ပါဝင္ေျဖဆိုသူက မိမိ တစ္ေန႔တာ ေဖ့စ္ဘုတ္ သံုးစြဲခ်ိန္မွာ ျမင္ခဲ့တဲ့ ပို႔စ္ေတြရဲ႕ ေကာင္းခ်က္၊ မေကာင္းခ်က္ေတြကို ဒိုင္ယာရီေရးသလို ျပန္လည္ ေျဖဆိုရတာ ျဖစ္ၿပီး ၇ ရက္တိတိ ေန႔စဥ္ ေျဖေပးရတာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ တစ္လခန္႔က စစ္တမ္းေျဖဆိုဖို႔ ဆႏၵျပဳသူေတြကို ေဖ့စ္ဘုတ္က ဝန္ထမ္းေတြက ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းၿပီး ဖုန္း မက္ေဆ့ခ်္ထဲကို စစ္တမ္းေျဖဆိုဖို႔ လင့္ခ္ေပးပို႔ခဲ့ပါတယ္။ အဲဒီ လင့္ခ္ကို ႏွိပ္ၿပီး တစ္ေန႔ တစ္ႀကိမ္ ေျဖၾကားေပးရတာ ျဖစ္ပါတယ္။

စစ္တမ္းမွာ ကနဦး ေမးခြန္း ၁၄ ခု၊ ေန႔စဥ္ ေျဖဆိုမႈအတြက္ ေမးခြန္း ၂၇ ခု ပါဝင္ပါတယ္။ သတင္းအခ်က္အလက္ ဘယ္လိုရယူသလဲ၊ ႀကိဳက္ႏွစ္သက္ျခင္းနဲ႔ ယံုၾကည္မႈ ရွိ၊ မရွိ၊ ပို႔စ္ေတြကို ဘယ္လိုတံု႔ျပန္သလဲ စတာေတြ အေျဖေရြးခ်ယ္တာ၊ မွတ္ခ်က္ေရးတာ၊ အေထာက္အထား Screenshot ပံုတင္တာေတြ လုပ္ေဆာင္ေပးရပါတယ္။
…………………… ။ ။ ………………………

မြန်မာနိုင်ငံက ဖေ့စ်ဘုတ် အသုံးပြုသူတချို့ကို စစ်တမ်းကောက်

လူမှုကွန်ရက် ဖေ့စ်ဘုတ်နဲ့ Insight Asia တို့ရဲ့ လေ့လာမှု တစ်ခုအတွက် မြန်မာနိုင်ငံအတွင်းက ဖေ့စ်ဘုတ် သုံးသူတွေကို စစ်တမ်းယောက်ယူမှု နိုဝင်ဘာ ၇ ရက်နေ့က စတင်ခဲ့ပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူက မိမိ တစ်နေ့တာ ဖေ့စ်ဘုတ် သုံးစွဲချိန်မှာ မြင်ခဲ့တဲ့ ပို့စ်တွေရဲ့ ကောင်းချက်၊ မကောင်းချက်တွေကို ဒိုင်ယာရီရေးသလို ပြန်လည် ဖြေဆိုရတာ ဖြစ်ပြီး ၇ ရက်တိတိ နေ့စဉ် ဖြေပေးရတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်လခန့်က စစ်တမ်းဖြေဆိုဖို့ ဆန္ဒပြုသူတွေကို ဖေ့စ်ဘုတ်က ဝန်ထမ်းတွေက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပြီး ဖုန်း မက်ဆေ့ချ်ထဲကို စစ်တမ်းဖြေဆိုဖို့ လင့်ခ်ပေးပို့ခဲ့ပါတယ်။ အဲဒီ လင့်ခ်ကို နှိပ်ပြီး တစ်နေ့ တစ်ကြိမ် ဖြေကြားပေးရတာ ဖြစ်ပါတယ်။

စစ်တမ်းမှာ ကနဦး မေးခွန်း ၁၄ ခု၊ နေ့စဉ် ဖြေဆိုမှုအတွက် မေးခွန်း ၂၇ ခု ပါဝင်ပါတယ်။ သတင်းအချက်အလက် ဘယ်လိုရယူသလဲ၊ ကြိုက်နှစ်သက်ခြင်းနဲ့ ယုံကြည်မှု ရှိ၊ မရှိ၊ ပို့စ်တွေကို ဘယ်လိုတုံ့ပြန်သလဲ စတာတွေ အဖြေရွေးချယ်တာ၊ မှတ်ချက်ရေးတာ၊ အထောက်အထား Screenshot ပုံတင်တာတွေ လုပ်ဆောင်ပေးရပါတယ်။

adv_banner