?bph6

Place your ads here!

ကြံ့ခိုင်ရေးပါတီ ငွေပေးမဲဆွယ်စည်းရုံးမှာ မဟုတ်ဟု ကော်မရှင်ဆို

တခြားပါတီ ထောက်ခံနေသူတွေကို ကြံ့ခိုင်ရေးပါတီ ငွေပေးမဲဆွယ်စည်းရုံးမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ  ၁၈ ရက်နေ့ ရက်စွဲနဲ့ ကော်မရှင်က ဘီဘီစီအသံလွှင့်ဌာနရဲ့  သတင်းထုတ်လွှင့်မှုနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မှာ အဲ့ဒီလို ပြောကြားထားတာပါ။
U Tin Aye UEC
ဒါအပြင်  ငွေပေးစည်းရုံးရင်လည်း သိက္ခာချလိုတဲ့အတွက် လုပ်ကြံဆောင်ရွက်တာသာ ဖြစ်မယ်လို့ ကော်မရှင်အနေနဲ့ ယူဆကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
ဘီဘီစီ သတင်းဌာနအနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရေဒီယိုနဲ့ ပိုက်ဆံတွေပေးပြီး မဲဆွယ်နေကြောင်း၊ မှတ်ပုံတင်နံပါတ်တွေကိုလည်း  တောင်းခံထားကြောင်း လှိုင်သာယာမြို့နယ်နေ သတင်းရင်းမြစ် ကိုအောင်ရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြခဲ့တာပါ။
ဒီအပေါ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သဘောထားကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး မီဒီယာတွေအနေနဲ့ ကျင့်ဝတ်လိုက်နာ ရေးသား၊ ထုတ်လွှင့်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
adv_banner