နည္းပညာေတြ ေကာင္းမြန္ၿပီး ေဆာင္ရြက္ပံု မေျပာင္းလဲရင္ တိုးတက္မႈ ရရွိဖို႔ ခက္ခဲ

နည္းပညာေတြ ေကာင္းမြန္ၿပီး ေဆာင္ရြက္ပံုေတြ မေျပာင္းလဲရင္ တိုးတက္မႈ ရရွိဖို႔ ခက္ခဲတယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး       ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္က ေျပာၾကားလိုက္ပါတယ္။

ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာကြန္ဗင္းရွင္း ဗဟိုဌာန ၂ မွာ ႏို၀င္ဘာလ ၇ ရက္ေန႔က ခင္းက်င္းျပသခဲ့တဲ့ E – Government Conference & ICT Exhibition 2017 အဖြင့္ မိန္႔ခြန္းမွာ ျပည္ေထာင္စု၀န္ႀကီးက ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ E-Government ညႊန္းကိန္းဟာ ၂၀၁၆ ခုႏွစ္မွာ ႏုိင္ငံေပါင္း ၁၉၃ ႏုိင္ငံတြင္ ၁၆၉ အဆင့္မွာသာ ရွိေနေသးတယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ျမန္မာႏုိင္ငံမွာ E–Government စနစ္ကို ၂၀၀၄ ခုႏွစ္က စတင္ေဆာင္ရြက္ခဲ့ၿပီး ၁၃ ႏွစ္ေက်ာ္ၾကာ ကာလအတြင္း အစိုးရဌာနေတြမွာ ၀က္ဆိုဒ္ေတြ ရွိလာခဲ့ေပမယ့္ လုပ္ငန္းအစကေန အဆံုးအထိ အြန္လုိင္းအသံုးျပဳၿပီး လုပ္ေဆာင္ေပးႏုိင္တဲ့ ဌာန၊ လုပ္ငန္းေတြ နည္းပါးေသးတယ္လို႔လည္း ေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နည်းပညာတွေ ကောင်းမွန်ပြီး ဆောင်ရွက်ပုံ မပြောင်းလဲရင် တိုးတက်မှု ရရှိဖို့ ခက်ခဲ

နည်းပညာတွေ ကောင်းမွန်ပြီး ဆောင်ရွက်ပုံတွေ မပြောင်းလဲရင် တိုးတက်မှု ရရှိဖို့ ခက်ခဲတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ နိုဝင်ဘာလ ၇ ရက်နေ့က ခင်းကျင်းပြသခဲ့တဲ့ E – Government Conference & ICT Exhibition 2017 အဖွင့် မိန့်ခွန်းမှာ ပြည်ထောင်စုဝန်ကြီးက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံရဲ့ E-Government ညွှန်းကိန်းဟာ ၂၀၁၆ ခုနှစ်မှာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် ၁၆၉ အဆင့်မှာသာ ရှိနေသေးတယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ E–Government စနစ်ကို ၂၀ဝ၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၁၃ နှစ်ကျော်ကြာ ကာလအတွင်း အစိုးရဌာနတွေမှာ ဝက်ဆိုဒ်တွေ ရှိလာခဲ့ပေမယ့် လုပ်ငန်းအစကနေ အဆုံးအထိ အွန်လိုင်းအသုံးပြုပြီး လုပ်ဆောင်ပေးနိုင်တဲ့ ဌာန၊ လုပ်ငန်းတွေ နည်းပါးသေးတယ်လို့လည်း ပြောကြားထားပါတယ်။

adv_banner