ငါးျပတိုက္အသစ္မွာ ငါး၊ ပုစြန္နဲ႔ပတ္သက္တဲ့ အသက္ေမြးသင္တန္းေက်ာင္းေတြ ပါ၀င္မယ္

အသစ္ျပန္လည္ဖြင့္လွစ္မယ့္ ငါးျပတိုက္မွာ ငါး၊ ပုစြန္နဲ႔ အလွေမြးငါး ေမြးျမဴေရး အတတ္ပညာနဲ႔ နည္းပညာေတြသင္ၾကားပို႔ခ်ေပးမယ့္ အသက္ေမြးသင္တန္းေက်ာင္း ေတြ ပါ၀င္မယ္လို႔ ရန္ကုန္တိုင္း ေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္မွာ ျပဳလုပ္တဲ့ အသံုးခ် ငါး၊ ပုစြန္ေမြးျမဴေရးသင္တန္း ဖြင့္ပြဲ အခမ္းအနားမွာ ေျပာၾကားခဲ့တာပါ။

အဲ့ဒီလိုေျပာၾကားရာမွာေတာ့ ဦးၿဖိဳးမင္းသိန္းက ရန္ကုန္ၿမိဳ႕ရွိ ကန္ေတာ္ႀကီးမွာ ငါးျပတိုက္ကို ျပင္ဆင္တည္ေဆာက္လွ်က္ရွိေနၿပီး လာမယ့္ ဧၿပီလထဲမွာ ဖြင့္ႏိုင္ဖို႔ ေဆာင္ရြက္ေနတယ္လို႔လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ငါးနဲ႔ ပုစြန္က႑ဟာ တုိင္းျပည္ ၀င္ေငြ ဂ်ီဒီပီတိုးက္ေရးအတြက္ မ်ားစြာအေထာက္အကူ ျဖစ္တာေၾကာင့္ ဖြံ႔ၿဖိဳးတိုးတက္ဖို႔အတြက္ တိုင္းေဒသႀကီးအစိုးရသာမက ျပည္ေထာင္စု အစိုးရကပါ ျဖည့္ဆည္းေဆာင္ရြက္ေပးသြားမယ္လို႔ လည္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငါးပြတိုက်အသစ်မှာ ငါး၊ ပုစွန်နဲ့ပတ်သက်တဲ့ အသက်မွေးသင်တန်းကျောင်းတွေ ပါဝင်မယ်

အသစ်ပြန်လည်ဖွင့်လှစ်မယ့် ငါးပြတိုက်မှာ ငါး၊ ပုစွန်နဲ့ အလှမွေးငါး မွေးမြူရေး အတတ်ပညာနဲ့ နည်းပညာတွေသင်ကြားပို့ချပေးမယ့် အသက်မွေးသင်တန်းကျောင်း တွေ ပါဝင်မယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ အသုံးချ ငါး၊ ပုစွန်မွေးမြူရေးသင်တန်း ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

အဲ့ဒီလိုပြောကြားရာမှာတော့ ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့ရှိ ကန်တော်ကြီးမှာ ငါးပြတိုက်ကို ပြင်ဆင်တည်ဆောက်လျှက်ရှိနေပြီး လာမယ့် ဧပြီလထဲမှာ ဖွင့်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ငါးနဲ့ ပုစွန်ကဏ္ဍဟာ တိုင်းပြည် ဝင်ငွေ ဂျီဒီပီတိုးက်ရေးအတွက် များစွာအထောက်အကူ ဖြစ်တာကြောင့် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တိုင်းဒေသကြီးအစိုးရသာမက ပြည်ထောင်စု အစိုးရကပါ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့ လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

adv_banner