
0
287




………………… ။ ။ ………………….

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၈ စီးပွားရေး လုပ်ကိုင်ရ အလွယ်ကူဆုံးစာရင်းမှာ မြန်မာ တစ်ဆင့်ကျ

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၈ စီးပွားရေး လုပ်ကိုင်ရ အလွယ်ကူဆုံးစာရင်း ကိုထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ မြန်မာကအဆင့် တစ်ဆင့်ကျ ခဲ့ပါတယ်။

၂၀၁၈ Doing Business စာရင်းမှာ မြန်မာနိုင်ငံရဲ့ အဆင့်ဟာ (၁၇၁)ဖြစ်ပြီး ၂၀၁၇ စာရင်း မှာတော့ မြန်မာက အဆင့်(၁၇၀) ဖြစ်သွားခဲ့တာပါ။
ဒီစာရင်းထုတ်ပြန်ချက်အရ နယူးဇီလန်နိုင်ငံက အဆင့် (၁) ဖြစ်ပြီး စင်ကာပူနိုင်ငံ က (၂)၊ ဒိန်း မတ်နိုင်ငံကအဆင့် (၃) ဖြစ်ပါတယ်။

နိုင်ငံ ၁၉၀ ရဲ့ စီးပွားရေးလုပ် ကိုင်ဖို့ အလွယ်ကူဆုံးသတ်မှတ်ချက်အပါအဝင် လုပ်ငန်းအမျိုးအစား ၁၀ ခုကို ကမ္ဘာ့ဘဏ်က စာရင်းပြုစုပြီး တစ်နှစ်ကို တစ်ကြိမ် DoingBusiness စာရင်း ထုတ်ပြန်တာဖြစ်ပါတယ်။

၂၀၁၈ အတွက် ထုတ်ပြန်တဲ့စာရင်းမှာ အဆင့် ၁၉၀ မှာ မြန်မာနိုင်ငံအောက်မှာ ၁၉ နိုင်ငံရှိပြီး အဲ့ဒီ ၁၉ နိုင်ငံထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တီမော စတဲ့နိုင်ငံတွေသာ ရှိတော့တာဖြစ်ပါတယ်။