အစိုးရမူဝါဒစည်းမျဉ်းတွေကို လိုက်နာဖို့ EU ကို ရခိုင်ဝန်ကြီးချုပ်ပြော

နိုင်ငံခြားအဖွဲ့အစည်းတွေအားလုံး အစိုးရကချမှတ်ထားတဲ့ မူဝါဒစည်းမျဉ်းအတိုင်း လိုက်နာ ဆောင်ရွက်ပါဝင်ပူးပေါင်းဖို့ လိုတယ်လို့ EU အဖွဲ့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ(၂၆)ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လွပ်လပ်စွာသွားလာကူညီနိုင်ဖို့ တရားဝင်ခွင့်ပြုခွင့်ရရှိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နဲ့ (EU)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြတဲ့ အချိန်မှာ ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ICRC နဲ့ INGO အဖွဲ့တွေဟာ အရင်က သူတို့သဘောနဲ့ သူတို့လုပ်ဆောင်လို့ ရပေမယ့် နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အဝင်အထွက်တွေကို စီစစ် စစ်ဆေးရမှာဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရရဲ့ ဥပဒေ၊ မူဝါဒစည်းမျဉ်းတွေကို EU အဖွဲအနေနဲ့ လိုက်နာမယ်ဆိုရင် ပူးပေါင်း လုပ်ဆောာင်ရမှာ ပိုအဆင်ပြေကြောင်းရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့ပါတယ်။
…………………….. ။ ။ ……………………….





adv_banner