


………………….. ။ ။ ……………………..

ဂန့်ဂေါမြို့နယ် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု တစ်ဦးသေ

ဂန့်ဂေါ-ပုလဲ-ကလေး ကားလမ်းမှာ ကလေးမြို့ကနေ မန္တလေးမြို့သို့ နေလင်းထွန်း မောင်းနှင်လာတဲ့ ရွှေမန္တလာ ခရီးသည်တင်ယာဉ် အောက်တိုဘာ ၂၇ ရက်နေ့က ဘရိတ်ပေါက်ပြီး လမ်းယာဘက် ပေ ၃၀ဝ ခန့် အနက်ရှိ ချောက်ထဲ ထိုးကျခဲ့ပါတယ်။

ကားပေါ်မှာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁ ဦး လိုက်ပါလာပြီး ယာဉ်နောက်လိုက် စည်သူအောင် သေဆုံးသွားပါတယ်။ အမျိုးသား ၃ ဦး ဒဏ်ရာ စိုးရိမ်ရပြီး၊ ယာဉ်မောင်း နေလင်းထွန်းနဲ့ ကျန်ခရီးသည်တွေကတော့ ဒဏ်ရာ မပြင်းထန်ပါဘူး။

ယာဉ်မောင်း နေလင်းထွန်းကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ပြီး ဂန့်ဂေါမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

adv_banner