


………………… ။ ။ …………………..

ကချင် ဓမ္မဆရာ နှစ်ဦး ဖမ်းဆီးခံရမှု အမေရိကန်သံရုံး ကြေညာချက် ထုတ်

နိုင်ငံသားတွေကို တရားမဲ့ဖမ်းဆီးနိုင်တဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့ တခြား ဥပဒေတွေကို ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ပန်ကြားလိုက်ပါတယ်။

ကချင်နှစ်ခြင်း ခရစ်ယာန် ဓမ္မဆရာ ဦးနောင်လတ်နဲ့ လူငယ်တာဝန်ခံ ဦးဂမ်ဆိုင်းကို မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇/၁၊ အသရေဖျက်မှု ပုဒ်မ ၅၀ဝ တို့နဲ့ ပြစ်ဒဏ်ချလိုက်ပြီးနောက် အမေရိကန် သံရုံးက သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သက်ဆိုင်သူ အားလုံးဟာ ယုံကြည်မှုကို တည်ဆောက်ပြီး မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းဖို့ အမေရိကန်သံရုံးက တိုက်တွန်း ပန်ကြားထားပါတယ်။

adv_banner