ဒေါ်အောင်ဆန်းစုကြည်နဲ့ MMA တိုက်ခိုက်ရေး အကျော်အမော် အောင်လအင်ဆန်တို့ တွေ့ဆုံ

အကောင်းဆုံးဆိုတဲ့ အရာတွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဘယ်တော့မှ အလွယ်တကူ မရနိုင်ဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ MMA ( Mixed Martial Art ) လို့ခေါ်တဲ့ အသုံးချ ကိုယ်ခံပညာ တိုက်ခိုက်ရေး အကျော်အမော် တစ်ဦးဖြစ်တဲ့ အောင်လအင်ဆန်တို့ တွေ့ဆုံစဉ် အဲ့ဒီလို ပြောကြားလိုက်တာပါ။

အဲ့ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးမစကားဟာ ခွန်အားသတ္တိတွေဖြစ်စေတယ်လို့ အောင်လ အင်ဆန်က သူ့ရဲ့ Facebook လူမှုကွန်ရက်ပေါ်မှာ ရေးသားထားတာပါ။

ဒါအပြင် အောင်လအင်ဆန်က ဒေါ်အောင်ဆန်းစု ကြည်နဲ့ ဒီနေ့ခေတ်ခေါင်းဆောင်တွေက အနာဂတ်လူငယ်တွေအတွက် ချစ်ခင်ငြိမ်းချမ်းစည်းလုံးညီညွတ်မှု ရရှိအောင် ဦးဆောင် ဆောင်ရွက်သွားနိုင်ပါစေလို့လည်း အောင်လ အင်ဆန်က ဆုတောင်းထားပါတယ်။

adv_banner