အစိုးရနဲ႔ UNFC ၇ ႀကိမ္ေျမာက္ ေဆြးေႏြးပြဲ စတင္

အစိုးရျငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ အပစ္မရပ္တပ္ဖြဲ႔တို႔ရဲ႕ ႏိုင္ငံေရးဆိုင္ရာ ေဆြးေႏြးညိႇႏႈိင္းေရး ကိုယ္စားလွယ္အဖြဲ႔ DPN တို႔ရဲ႕ ၇ ႀကိမ္ေျမာက္ တရား၀င္ေဆြးေႏြးပြဲကို ေအာက္တိုဘာ ၂၃ ရက္ ဒီမနက္က ရန္ကုန္မွာ စတင္က်င္းပျပဳလုပ္ေနပါတယ္။

ေဆြးေႏြးပြဲကို ေအာက္တိုဘာ ၂၃နဲ႔ ၂၄ ႏွစ္ရက္ျပဳလုပ္မွာျဖစ္ျပီး အပစ္မရပ္တပ္ဖြဲ႔တို႔ဘက္က ေတာင္ဆိုထားတဲ့ အခ်က္ ၈ ခ်က္အနက္ က်န္ရွိေနေသးတဲ့ အခ်က္ ၄ခ်က္ သေဘာတူညီမွုရဖို႔ ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

အပစ္မရပ္တို႔ရဲ႔ UNFC ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငးက အစုိးရ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ နဲ႔ UNFC တို႔ ဆ႒မအႀကိမ္ ေတြ႔ဆံုေဆြးေႏြးစဥ္က UNFC မက အဆိုျပဳ ထားတဲ့ အခ်က္ ၈ ခ်က္ထဲ အခ်က္ ၁ ကေန ၄ အထိ သေဘာတူညီမႈ ရရွိထားေသာ္လည္း ျပီးခဲ့တဲ့ စက္တင္ဘာလ ၂၆ ရက္ေန႔က ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာ အလြတ္သေဘာေတြ႔ဆံုစဥ္ အရင္ သေဘာတူထားတဲ့ အခ်က္မ်ားကို ျပန္လည္ေဆြးေႏြးဖို႔ အစိုုးရဘက္က ေျပာဆိုလာမႈမ်ား ရွိေနတယ္လို႔ ထုတ္ေျပာထားပါတယ္။
…………………. ။ ။ ……………………..

အစိုးရနဲ့ UNFC ၇ ကြိမ်မြောက် ဆွေးနွေးပွဲ စတင်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်မရပ်တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ရဲ့ ၇ ကြိမ်မြောက် တရားဝင်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၃ ရက် ဒီမနက်က ရန်ကုန်မှာ စတင်ကျင်းပပြုလုပ်နေပါတယ်။

ဆွေးနွေးပွဲကို အောက်တိုဘာ ၂၃နဲ့ ၂၄ နှစ်ရက်ပြုလုပ်မှာဖြစ်ပြီး အပစ်မရပ်တပ်ဖွဲ့တို့ဘက်က တောင်ဆိုထားတဲ့ အချက် ၈ ချက်အနက် ကျန်ရှိနေသေးတဲ့ အချက် ၄ချက် သဘောတူညီမှုရဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အပစ်မရပ်တို့ရဲ့ UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နဲ့ UNFC တို့ ဆဋ္ဌမအကြိမ် တွေ့ဆုံဆွေးနွေးစဉ်က UNFC မက အဆိုပြု ထားတဲ့ အချက် ၈ ချက်ထဲ အချက် ၁ ကနေ ၄ အထိ သဘောတူညီမှု ရရှိထားသော်လည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံစဉ် အရင် သဘောတူထားတဲ့ အချက်များကို ပြန်လည်ဆွေးနွေးဖို့ အစိုးရဘက်က ပြောဆိုလာမှုများ ရှိနေတယ်လို့ ထုတ်ပြောထားပါတယ်။

adv_banner