UEHRD နဲ႔ ေပါင္းစပ္ပါဝင္ဖို႔ ပုဂၢလိကက႑ လုပ္ငန္း (၉) ဖြဲ႕ ဖြဲ႕

ရခိုင္ဖြ႔ံၿဖိဳးေရးစီမံကိန္း UEHRD နဲ႔ ေပါင္းစပ္ပါဝင္ဖို႔အတြက္ ပုဂၢလိကက႑ ကၽြမ္းက်င္တဲ့ က႑ (၉) ရပ္ကို ေရြးခ်ယ္ျပီး သက္ဆိုင္ရာ အသင္းအဖြဲ႕ ကိုယ္စားလွယ္မ်ားနဲ႔ လုပ္ငန္းရွင္မ်ား ပါဝင္တဲ့ လုပ္ငန္းအဖြဲ႕ (၉) ဖြဲ႕ကို ဖြဲ႕စည္းလိုက္ပါတယ္။

ေအာက္တိုဘာ ၂ ရက္မွာ ဖြဲ႔စည္းလိုက္တာျဖစ္ျပီး ေဆာက္လုပ္ေရးနဲ႔ အေျခခံအေဆာက္အအံု တည္ေဆာက္ေရး လုပ္ငန္းအဖြဲ႔၊ စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရး လုပ္ငန္းအဖြဲ႕၊ စီးပြားေရးဇုန္မ်ား ဖြံ႕ျဖိဳးေရး လုပ္ငန္းအဖြဲ႕၊ ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရး လုပ္ငန္းအဖြဲ႕၊ အလုပ္အကိုင္ဖန္တီးေရးနဲ႔ အသက္ေမြးဝမ္းေၾကာင္းသင္တန္းမ်ား စီစဥ္ဖြင့္လွစ္ေရး လုပ္ငန္းအဖြဲ႕၊ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းအဖြဲ႕ စတဲ့အဖြဲ႔ေတြ ပါ၀င္တယ္လို႔ ကုန္သည္စက္မွုအသင္းခ်ဳပ္က သတင္းထုတ္ျပန္ပါတယ္။

လုပ္ငန္းအဖြဲ႕ေတြအေနနဲ႔ ရခိုင္ျပည္နယ္မွာ ခ်က္ခ်င္းလက္ငင္း ေျဖရွင္းရမယ့္ ျပန္လည္ေနရာ ခ်ထားေရး၊ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီမ်ား ေပးအပ္ေရးအျပင္ ေရတို၊ ေရရွည္ လုပ္ငန္းမ်ားျဖစ္တဲ့ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေပၚေပါက္လာေစေရး၊ ကုန္သြယ္မႈနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား တိုးျမွင့္လာေစေရးတို႔ကိုပါ လုပ္ငန္းစီမံခ်က္ေတြ ခ်မွတ္ျပီး ေဆာင္ရြက္ၾကမွာျဖစ္ပါတယ္
…………………. ။ ။ ……………………..

UEHRD နဲ့ ပေါင်းစပ်ပါဝင်ဖို့ ပုဂ္ဂလိကကဏ္ဍ လုပ်ငန်း (၉) ဖွဲ့ ဖွဲ့

ရခိုင်ဖွံ့ဖြိုးရေးစီမံကိန်း UEHRD နဲ့ ပေါင်းစပ်ပါဝင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍ ကျွမ်းကျင်တဲ့ ကဏ္ဍ (၉) ရပ်ကို ရွေးချယ်ပြီး သက်ဆိုင်ရာ အသင်းအဖွဲ့ ကိုယ်စားလှယ်များနဲ့ လုပ်ငန်းရှင်များ ပါဝင်တဲ့ လုပ်ငန်းအဖွဲ့ (၉) ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်မှာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းအဖွဲ့၊ စီးပွားရေးဇုန်များ ဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းအဖွဲ့၊ အလုပ်အကိုင်ဖန်တီးရေးနဲ့ အသက်မွေးဝမ်းကြောင်းသင်တန်းများ စီစဉ်ဖွင့်လှစ်ရေး လုပ်ငန်းအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအဖွဲ့ စတဲ့အဖွဲ့တွေ ပါဝင်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သတင်းထုတ်ပြန်ပါတယ်။

လုပ်ငန်းအဖွဲ့တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ချက်ချင်းလက်ငင်း ဖြေရှင်းရမယ့် ပြန်လည်နေရာ ချထားရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးအပြင် ရေတို၊ ရေရှည် လုပ်ငန်းများဖြစ်တဲ့ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေးတို့ကိုပါ လုပ်ငန်းစီမံချက်တွေ ချမှတ်ပြီး ဆောင်ရွက်ကြမှာဖြစ်ပါတယ်

adv_banner