ဘဂၤလားေဒ့ရွ္ ျပည္ထဲေရးဝန္ႀကီးနဲ႔ ဒုကၡသည္ျပန္ပို႔ေရး ေဆြးေႏြးဖို႔ ရွိ

ေအာက္တိုဘာ ၂၃ ရက္ ဒီေန႔မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ျပည္ထဲေရးဝန္ႀကီးနဲ႔အဖြဲ႕ ျမန္မာႏိုင္ငံ ကိုေရာက္ရွိလာျပီး ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသြားသူေတြကို ဘယ္လိုသတ္မွတ္ခ်က္ေတြနဲ႔ လက္ခံမယ္ဆိုတာ ႏွစ္ႏိုင္ငံ ေဆြးေႏြးညႇိႏႈိင္းမွာ ျဖစ္ပါတယ္။

ဒီေန႔မွာ ႏွစ္ႏိုင္ငံအဆင့္ျမင့္အရာရွိၾကီးေတြ အစည္းအေ၀းလုပ္ျပီး မနက္ဖန္မွာ ႏိုင္ငံႏိုင္ငံ ၀န္ၾကီးအဆင့္ အစည္းအေ၀းလုပ္မယ္၊Finalize ေဆြးေႏြးျပီး ေဆြးေႏြးမႈအေပၚ မူတည္ၿပီးေတာ့ သေဘာတူၿပီဆိုတာနဲ႔ လက္မွတ္ထိုးမယ္လို႔ ၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန၊ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး က ေျပာပါတယ္။

သူက “ဘယ္လိုသတ္မွတ္ခ်က္ေတြနဲ႔ လက္ခံမယ္ဆိုတာ ဘဂၤလားေဒ့ရွ္ နဲ႔ ညႇိႏႈိင္းရဦးမွာျဖစ္ပါတယ္၊ စာခ်ဳပ္ခ်ဳပ္ၿပီး အခ်ိန္ဘယ္ေလာက္ အတြင္းမွာ ျပန္လည္လက္ခံေရးစတင္မယ္ဆိုတာပါပါတယ္။ ရခိုင္ျပည္နယ္အစိုးရကို စိစစ္ခိုင္းတဲ့အခ်ိန္မွာ မူလ စာရင္း ရွိတယ္။ လက္ရွိက်န္ခဲ့တဲ့ စာရင္းရွိတယ္။ အဲဒါနဲ႔ ျပန္လည္ ႏႈိင္းယွဥ္တဲ့အခါမွာ ကုလသမဂၢနဲ႔ UNHCR က ထုတ္ျပန္ တဲ့စာရင္း ငါးသိန္းေက်ာ္ ၊ ေျခာက္သိန္းနီးပါးနဲ႔ ကြာေနတယ္။အကုန္လုံးစိစစ္မယ္၊ စိစစ္ၿပီးမွ အေထာက္အထားေတြ ျပည့္စုံတယ္ဆိုရင္ ၁၉၉၃ ခုႏွစ္တုန္းက လက္ခံခဲ့တဲ့ ပုံစံမ်ိဳးေပါ့၊ အဲဒါေတြနဲ႔ ျပန္စိစစ္ၿပီးရင္ ျပန္လက္ခံမယ့္ ပမာဏထြက္လာ မွာ ျဖစ္ပါတယ္။”လို႔ နိုင္ငံပိုင္သတင္းဌာနကို ေျပာပါတယ္။
…………………… ။ ။ ………………………

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးနဲ့ ဒုက္ခသည်ပြန်ပို့ရေး ဆွေးနွေးဖို့ ရှိ

အောက်တိုဘာ ၂၃ ရက် ဒီနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ မြန်မာနိုင်ငံ ကိုရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူတွေကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ လက်ခံမယ်ဆိုတာ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးလုပ်ပြီး မနက်ဖန်မှာ နိုင်ငံနိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးလုပ်မယ်၊Finalize ဆွေးနွေးပြီး ဆွေးနွေးမှုအပေါ် မူတည်ပြီးတော့ သဘောတူပြီဆိုတာနဲ့ လက်မှတ်ထိုးမယ်လို့ ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

သူက “ဘယ်လိုသတ်မှတ်ချက်တွေနဲ့ လက်ခံမယ်ဆိုတာ ဘင်္ဂလားဒေ့ရှ် နဲ့ ညှိနှိုင်းရဦးမှာဖြစ်ပါတယ်၊ စာချုပ်ချုပ်ပြီး အချိန်ဘယ်လောက် အတွင်းမှာ ပြန်လည်လက်ခံရေးစတင်မယ်ဆိုတာပါပါတယ်။ ရခိုင်ပြည်နယ်အစိုးရကို စိစစ်ခိုင်းတဲ့အချိန်မှာ မူလ စာရင်း ရှိတယ်။ လက်ရှိကျန်ခဲ့တဲ့ စာရင်းရှိတယ်။ အဲဒါနဲ့ ပြန်လည် နှိုင်းယှဉ်တဲ့အခါမှာ ကုလသမဂ္ဂနဲ့ UNHCR က ထုတ်ပြန် တဲ့စာရင်း ငါးသိန်းကျော် ၊ ခြောက်သိန်းနီးပါးနဲ့ ကွာနေတယ်။အကုန်လုံးစိစစ်မယ်၊ စိစစ်ပြီးမှ အထောက်အထားတွေ ပြည့်စုံတယ်ဆိုရင် ၁၉၉၃ ခုနှစ်တုန်းက လက်ခံခဲ့တဲ့ ပုံစံမျိုးပေါ့၊ အဲဒါတွေနဲ့ ပြန်စိစစ်ပြီးရင် ပြန်လက်ခံမယ့် ပမာဏထွက်လာ မှာ ဖြစ်ပါတယ်။”လို့ နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။

adv_banner