?bph6

Place your ads here!



…………………… ။ ။ ……………………..

အလ္လာဝက္ကဘတ် လို့ အော်ပြီး ဓါးနဲ့တိုက်ခိုက်ခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့ဝင် ပစ်ခတ်
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ က မောင်တောမြို့နယ် ကွမ်းသီးပင် ချောင်းဝ ရဲကင်းစခန်းဆီ ဓားကောက်ကိုင်မြှောက်လျက် ဦးတည်ပြေးလာတဲ့သူကို လက်နက်ချဖို့ သတိပေးခဲ့ပေ မယ့် အဲဒီ ဘင်္ဂါလီဟာ အလ္လာဝက္ကဘတ် လို့အော်ပြီး ဆက်လက်ပြေးလာခဲ့လို့ တာဝန်ကျ ရဲတပ်သား ဒိုင်းဖေထူးက ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီအမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပါတယ်။

သေဆုံးခဲ့သူဟာ ဘင်္ဂလားဒေရှ့်နိုင်ငံသား မိုဟာမက်ရှာဟတ်အာသာဖြစ်ပြီး ဓါးကောက်တစ်ချောင်း ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဆိုပါ သေဆုံးသူအားစိစစ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမတ် ရှာဟက်အာ့သာ၊ (၅၆)နှစ် ဖြစ်ပြီး သူ့ထံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကတ်အမှတ် (ID)2690421588992 နှင့် ဓားကောက် (၁)ချောင်း တို့ သိမ်းဆည်းရမိခဲ့ပြီး တောင်ပြိုယာနယ်မြေ ရဲစခန်းမှ(ပ) ၂၂/၂၀၁၇၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိနေပါတယ်။

adv_banner