?bph6

Place your ads here!

“ကို့ယို့ ကားယား”ရုပ်ရှင်ဇာတ်ကား နဲ့ပတ်သက်ပြီး မသန်စွမ်းသူများ အသင်းချုပ် သတင်းထုတ်ပြန်မယ်

“ကို့ယို့ ကားယား”ရုပ်ရှင်ဇာတ်ကားမှာ ပိုလီယိုဇာတ်ကောင်စရိုက်နဲ့ ရိုက်ကူးမယ်လို့ သတင်းမီဒီယာ တွေမှာ ဖော်ပြပြီးနောက်ပိုင်း မသန်စွမ်းသူတွေရဲ့အခွင့်အရေးကိုထိခိုက်စေတာကြောင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က သတင်းထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလိုထုတ်ပြန်ရာမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာတွေကို ထောက်ပြ ထုတ်ပြန်သွားမှာလို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက် တနင်္လာနေ့မှာ ဇာတ်ကားရိုက်ကူးမယ့် ဒါရိုက်တာ၊ မြန်မာနိုင်ငံမသန်စွမ်း သူများအသင်း ချုပ်နဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ကတာဝန်ရှိသူတွေက မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မသန်စွမ်းသူတွေရဲ့အခွင့်အရေးကို ဟာသအဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်ကျိုးစီးပွားရှာမယ်ဆိုရင် ဥပဒေနဲ့ညိစွန်းမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောပါတယ်။

အဲ့ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေလည်းရှိနေတာဖြစ်ပြီး အခုလိုလုပ်ဆောင်တာဟာ ရုပ်ရှင်အနုပညာနဲ့ပတ်သက်ပြီး မသန်စွမ်းအဖွဲ့အစည်းတွေက ပထမဆုံးလုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။

adv_banner