?bph6

Place your ads here!

ၿဖိဳးကုိကုိတင့္ဆန္း ေဆးေၾကာင္ၿပီး လက္နက္ကိုင္တာကို ဂုဏ္ယူေနတယ္လို႔ ေဇကမၻာ ဦးခင္ေရႊေျပာ

ေနျပည္ေတာ္နဲ႔ ရန္ကုန္မွာ လက္နက္ေတြ ဖမ္းမိလို႔ အမႈျဖစ္ေနတဲ့ ျဖိဳးကိုကုိတင့္ဆန္းဟာ ေဆးေၾကာင္ၿပီး လက္နက္ကိုင္တာကို တလႊဲအထင္ေရာက္ ဂုဏ္ယူေနတာလို ့ ေဇကမၻာ ဦးခင္ေရႊက ေျပာလိုက္ပါတယ္။

ေအာက္တုိဘာလ ၂၀ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ႔ ခိုင္ျပည္နယ္အတြင္း လူသားခ်င္းစာနာမႈ အကူအညီအေထာက္အပံ႔ေပးေရး ၊ ျပန္လည္ေနရာခ်ထားေရး ၊ ဖြံ႔ျဖိဳးေရးစီမံကိန္း ( UEHRD) ေကာ္မတီအတြက္ အလွဴေငြေပးအပ္ပြဲ တက္ေရာက္ လာရင္း ျဖိဳးကိုကိုတင့္ဆန္း နဲ႔ပတ္သက္ျပီး သူကခုလို မွတ္ခ်က္ေပးေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဦးခင္ေရႊဟာ အရင္ အားကစားဝန္ၾကီးေဟာင္း ဦးတင့္ဆန္းနဲ႔ ရင္းႏွီးတဲ႔ ဆက္ဆံေရးရွိခဲ့သူျဖစ္ျပီး ၿဖိဳးကိုကိုတင့္ဆန္း ကို သူ႔အေဖကိုယ္တုိင္ မထိန္းႏုိင္ခဲ႔ဘူးလို႔ လည္းသူကဆိုပါတယ္။
…………………… ။ ။ ………………………..

ဖြိုးကိုကိုတင့်ဆန်း ဆေးကြောင်ပြီး လက်နက်ကိုင်တာကို ဂုဏ်ယူနေတယ်လို့ ဇေကမ္ဘာ ဦးခင်ရွှေပြော

နေပြည်တော်နဲ့ ရန်ကုန်မှာ လက်နက်တွေ ဖမ်းမိလို့ အမှုဖြစ်နေတဲ့ ဖြိုးကိုကိုတင့်ဆန်းဟာ ဆေးကြောင့်ပြီး လက်နက်ကိုင်တာကို တလွှဲအထင်ရောက်ဂုဏ်ယူနေတာလို ့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောလိုက်ပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း ( UEHRD) ကော်မတီအတွက် အလှူငွေပေးအပ်ပွဲ တက်ရောက် လာရင်း ဖြိုးကိုကိုတင့်ဆန်း နဲ့ပတ်သက်ပြီး သူကခုလို မှတ်ချက်ပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးခင်ရွှေဟာ အရင် အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့သူဖြစ်ပြီး ဖြိုးကိုကိုတင့်ဆန်း ကို သူ့အဖေကိုယ်တိုင် မထိန်းနိုင်ခဲ့ဘူးလို့ လည်းသူကဆိုပါတယ်။

adv_banner