ဦးခေါင်းခွံ ကွဲအက်ခဲ့တဲ့ မီးသတ်ဦးစီးမှူးကို ငွေဆယ်သိန်း ထောက်ပံ့

အောက်တိုဘာ ၁၉ ရက် မနက် ရန်ကုန် ကန်တော်ကြီး နန်းတော်ဟိုတယ် မီးလောင်မှုမှာ မီးငြိမ်းသတ်စဉ် ဦးခေါင်းခွံကွဲအက်ခဲ့တဲ့ ရွှေပြည်သာ မီးသတ်ဦးစီး မှူး ဦးစီးအရာရှိဦးကျော်စွာလင်းကို ငွေကျပ်ဆယ်သိန်းထောက်ပံ့ခဲ့ပါတယ်။


……………………. ။ ။ ………………………

ဦးခေါင်းခွံကွဲအက်ခဲ့တဲ့မီးသတ်ဦးစီးမှူးကိုငွေဆယ်သိန်းထောက်ပံ
အောက်တိုဘာ ၁၉ ရက် မနက် ရန်ကုန် ကန်တော်ကြီး နန်းတော်ဟိုတယ် မီး လောင်မှုမှာ မီးငြိမ်း သတ်စဉ် ဦးခေါင်းခွံကွဲအက်ခဲ့တဲ့ ရွှေပြည်သာ မီးသတ်ဦးစီး မှူး ဦးစီးအရာရှိဦးကျော်စွာလင်းကို ငွေကျပ်ဆယ်သိန်းထောက်ပံခဲ့ပါတယ်။

ဦးကျော်စွာလင်း ဆေးကုသမှုခံယူနေတဲ့ ဦးနှောက်နဲ ့အာရုံ ကြောဌာနကို သွားရောက်ကြည့်ရှုခဲ့တဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက မီးသတ်ဦးစီးအရာရှိရဲ့ဇနီး ဖြစ်သူ ဒေါ်သူသူကျော်ကို တိုင်းအစိုးရအဖွဲ ့ကိုယ်စားငွေကျပ် ၁ဝ သိန်း ထောက်ပံ့ပေးအပ်ခဲ့တာပါ။

ဦးခေါင်းပြင်းထန် ဒဏ်ရာရခဲ့တဲ့အတွက် သူရဲ့ ဦးခေါင်းခွံကို လက်တစ်ဝါးခန့် ခွဲထုတ်ပြီး ခွဲထုတ်ထားရတဲ့ ဦးခေါင်းခွံအစိတ်အပိုင်းကို ဝမ်းဗိုက်အတွင်းခေတ္တထည့် ပြီးချုပ်ထားရပြီးတော့ အောက်တိုဘာ ၂၀ ရက်ညနေအထိ သတိမရသေးဘူးလို ့သိရပါတယ်။

adv_banner