?bph6

Place your ads here!

သတင္းမပို႔ဘဲ အိမ္ငွားေနသူ တ႐ုတ္ႏိုင္ငံသား ႏွစ္ဦးကို အေရးယူ

မႏၱေလးတိုင္း၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ သက္ဆိုင္ရာကို သတင္းမပို႔ဘဲ အိမ္ငွားေနထိုင္သူ တ႐ုတ္ႏိုင္ငံသား ႏွစ္ဦးကိုေရာ အိမ္ရွင္ကိုပါ အေရးယူခဲ့ပါတယ္။

အိမ္ရွင္ ေဒၚညြန္႔ညြန္႔သိန္းကို ဒဏ္ေငြ ၅ သိန္းက်ပ္ ေပးေဆာင္ဖို႔နဲ႔ မေပးေဆာင္ရင္ ေထာင္ ၆ လ က်ခံေစရန္ ၿမိဳ႕နယ္တရား႐ံုးက ေအာက္တိုဘာ ၁၆ ရက္ေန႔မွာ အမိန္႔ခ်မွတ္ခဲ့ရာမွာ ဒဏ္ေငြကို ေပးေဆာင္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံသား ခ်န္က်ဳပင္နဲ႔ တျခားတစ္ဦးကို ၿမိဳ႕နယ္ တရား႐ံုးက ေအာက္တိုဘာ ၁၇ ရက္ေန႔မွာ လဝက ပုဒ္မနဲ႔ ဒဏ္ေငြက်ပ္ ၃ သိန္းစီ ေပးေဆာင္ဖို႔နဲ႔ မေပးေဆာင္ရင္ ေထာင္ဒဏ္ တစ္ႏွစ္ က်ခံေစဖို႔ အမိန္႔ခ်မွတ္ရာမွာ ဒဏ္ေငြ ေပးေဆာင္ခဲ့ပါတယ္။

လူဝင္မႈ ႀကီးၾကပ္ေရးက ျပည္ႏွင္မိန္႔ ေတာင္းခံစဥ္ ကာလအတြင္း မႏၱေလး အက်ဥ္းေထာင္မွာ ၁၄ ရက္ ခ်ဳပ္မိန္႔ေဆာင္းခံခဲ့ၿပီး မႏၱေလးအက်ဥ္းေထာင္ ဒု ႀကီးၾကပ္ေရးမႉး ဦးေအာင္စိုးလင္းထံ အပ္ႏွံထားပါတယ္။

ေအာက္တိုဘာ ၁၃ ရက္ေန႔က ႏွစ္ထပ္တိုက္ ေအာက္ထပ္ရွိ ေရခဲေသတၱာ အပူလြန္ကဲ ျပီးး မီးေလာင္ရာကေန သက္ဆိုင္ရာကို သတင္းမပို႔ဘဲ အိမ္ငွားေနထိုင္မႈ ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတင်းမပို့ဘဲ အိမ်ငှားနေသူ တရုတ်နိုင်ငံသား နှစ်ဦးကို အရေးယူ

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ သက်ဆိုင်ရာကို သတင်းမပို့ဘဲ အိမ်ငှားနေထိုင်သူ တရုတ်နိုင်ငံသား နှစ်ဦးကိုရော အိမ်ရှင်ကိုပါ အရေးယူခဲ့ပါတယ်။

အိမ်ရှင် ဒေါ်ညွန့်ညွန့်သိန်းကို ဒဏ်ငွေ ၅ သိန်းကျပ် ပေးဆောင်ဖို့နဲ့ မပေးဆောင်ရင် ထောင် ၆ လ ကျခံစေရန် မြို့နယ်တရားရုံးက အောက်တိုဘာ ၁၆ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ရာမှာ ဒဏ်ငွေကို ပေးဆောင်ခဲ့ပါတယ်။

တရုတ်နိုင်ငံသား ချန်ကျုပင်နဲ့ တခြားတစ်ဦးကို မြို့နယ် တရားရုံးက အောက်တိုဘာ ၁၇ ရက်နေ့မှာ လဝက ပုဒ်မနဲ့ ဒဏ်ငွေကျပ် ၃ သိန်းစီ ပေးဆောင်ဖို့နဲ့ မပေးဆောင်ရင် ထောင်ဒဏ် တစ်နှစ် ကျခံစေဖို့ အမိန့်ချမှတ်ရာမှာ ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးက ပြည်နှင်မိန့် တောင်းခံစဉ် ကာလအတွင်း မန္တလေး အကျဉ်းထောင်မှာ ၁၄ ရက် ချုပ်မိန့်ဆောင်းခံခဲ့ပြီး မန္တလေးအကျဉ်းထောင် ဒု ကြီးကြပ်ရေးမှူး ဦးအောင်စိုးလင်းထံ အပ်နှံထားပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့က နှစ်ထပ်တိုက် အောက်ထပ်ရှိ ရေခဲသေတ္တာ အပူလွန်ကဲ ပြီး မီးလောင်ရာကနေ သက်ဆိုင်ရာကို သတင်းမပို့ဘဲ အိမ်ငှားနေထိုင်မှု ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

adv_banner