?bph6

Place your ads here!




……………….. ။ ။ ………………..

ဖြိုးကိုကိုတင့်ဆန်းရဲ့ လုပ်ငန်းတွေကို စိစစ်နေတယ်လို့ ပြည်ထဲရေး ဒု ဝန်ကြီး ပြော

လက်နက်တွေနဲ့ နေပြည်တော် လေဆိပ်မှာ ဖမ်းမိတဲ့ ဖြိုးကိုကိုတင့်ဆန်းရဲ့ လုပ်ငန်းတွေကို စိစစ်နေတယ်လို့ ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မီဒီယာတွေကို ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ပြောသွားတာ ဖြစ်ပါတယ်။

ဖြိုးကိုကိုတင့်ဆန်းဟာ ၂၀၁၂ ခုနှစ်တုန်းက ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ဖူးပါတယ်။ လက်ရှိမှာ ဖြိုးကိုကိုတင့်ဆန်းကို တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မူးယစ်မှုတွေနဲ့ ဖမ်းဆီးထားပါတယ်။

adv_banner