?bph6

Place your ads here!




…………………….. ။ ။ …………………….

ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်နေတဲ့ အကောင့်ကို ဖော်ထုတ်ဖို့ ဦးရောဘတ်စန်းအောင် ပြော

“ဗမာလူမျိုးစု အမျိုးသား တပ်မတော်” (Burmese Ethnic National Army) ဆိုတဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ခြိမ်းခြောက်နေမှုနဲ့ ပတ်သက်ပြီး ဖော်ထုတ် အရေးယူဖို့ လိုတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က MCN ကို ပြောပါတယ်။

ဗမာလူမျိုးစု အမျိုးသား တပ်မတော် ဆိုတဲ့စာမျက်နှာမှာ လက်ရှိအစိုးရကို လုံးဝ အယုံအကြည်မရှိတော့လို့ ဒီအဖွဲ့ကို လျှို့ဝှက်ဖွဲ့စည်းထားတာဖြစ်ပြီး လက်နက်မှုနဲ့ အဖမ်းခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းကို အောက်တိုဘာလကုန် နောက်ဆုံးထား မလွှတ်ပေးရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်အသက်ကို ပေးဆပ်ရမယ်လို ့ခြမ်းခြောက်ရေးသားထားပါတယ်။

အခုလို ရေးသားခြိမ်းခြောက်နေတာတွေနဲ့ ပက်သက်ပြီး အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဒီအတိုင်း လွှတ်မထားဘဲ ဒီအဖွဲ့ အမှန်တကယ် ရှိ၊ မရှိ စုံစမ်းဖော်ထုတ် အရေးယူသင့်တယ်လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

adv_banner