?bph6

Place your ads here!




…………….. ။ ။ ……………….

၆ ကြိမ်မြောက် လွှတ်တော်အသီးသီး စတင်ကျင်းပ
၆ကြိမ်မြောက် ပြည်သူ၊အမျိုးသားနဲ့ ပြည်ထောင်စု စတဲ့ လွှတ်တော်အသီးသီးရဲ့ အစည်းအဝေးတွေကို အောက်တိုဘာ ၁၇ရက် ဒီမနက်ပိုင်းကစပြီးနေပြည်တော်မှာ ပြန်လည်ကျင်းပပြုလုပ်နေပါတယ်။ ဒီတကြိမ်လွှတ်တော်များအတွင်း အစိုးရရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး အဓိက ဆွေးနွေးအတည်ပြုကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရဘဏ္ဍာနှစ်ပြောင်းလဲသတ်မှတ်ရေးကိစရပ်ကိုလည်း ဆွေးနွေး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၅ကြိမ်မြောက် လွှတ်တော်အသီးသီးကို သြဂုတ်လကုန်ပိုင်းမှာ ရပ်နားခဲ့တာ ဖြစ်ပါတယ်။(

adv_banner