?bph6

Place your ads here!

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုၿခံဳေရးကို အျပည့္အ၀ တာ၀န္ယူတယ္လို႔ ရဲမွဴးႀကီး ေဇာ္ခင္ေအာင္ ေျပာ

ေနျပည္ေတာ္မွာ ေသနတ္ေတြနဲ႔ က်ည္ဆံ ရာနဲ႔ခ်ီ ေတြ႕ရွိဖမ္းဆီးထားေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုၿခံဳေရးကိုေတာ့ အျပည့္အ၀ တာ၀န္ယူတယ္လို႔ ေနျပည္ေတာ္တိုင္း ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး ေဇာ္ခင္ေအာင္က ေျပာပါတယ္။

ေနျပည္ေတာ္ေလဆိပ္မွာ ၀န္ႀကီးေဟာင္း ဦးတင့္ဆန္းရဲ႕သား ကိုၿဖိဳးကိုကိုတင့္ဆန္း အပါအ၀င္ သံုးဦးဆီက လက္နက္နဲ႔ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိခဲ့ၿပီးေနာက္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လံုၿခံဳေရးနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းေထာက္ေတြ ေမးျမန္းမႈအေပၚ သူက အဲဒီလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၅ ရက္ ညပိုင္းမွာ ေနျပည္ေတာ္ ေလဆိပ္နဲ႔ ACE ဟိုတယ္မွာ မူးယစ္ေဆး၀ါး၊ ေသနတ္ ၉ လက္၊ က်ည္ ၉၀၀ နီးပါး၊ က်ည္အိမ္ ၁၆ ခုနဲ႔ စႏိုက္ပါ မွန္ေျပာင္းတစ္ခုကို စစ္ေဆးေတြ႕ရွိၿပီး ဒီအမႈနဲ႔ ပတ္သက္လို႔ ရန္ကုန္ ACE ဟိုတယ္ကိုလည္း ရဲတပ္ဖြဲ႕က ၀င္ေရာက္ရွာေဖြ စစ္ေဆးေနပါတယ္။
………………….. ။ ။ ………………..

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူတယ်လို့ ရဲမှူးကြီး ဇော်ခင်အောင် ပြော
နေပြည်တော်မှာ သေနတ်တွေနဲ့ ကျည်ဆံ ရာနဲ့ချီ တွေ့ရှိဖမ်းဆီးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုတော့ အပြည့်အဝ တာဝန်ယူတယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

နေပြည်တော်လေဆိပ်မှာ ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သား ကိုဖြိုးကိုကိုတင့်ဆန်း အပါအဝင် သုံးဦးဆီက လက်နက်နဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ သတင်းထောက်တွေ မေးမြန်းမှုအပေါ် သူက အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညပိုင်းမှာ နေပြည်တော် လေဆိပ်နဲ့ ACE ဟိုတယ်မှာ မူးယစ်ဆေးဝါး၊ သေနတ် ၉ လက်၊ ကျည် ၉၀ဝ နီးပါး၊ ကျည်အိမ် ၁၆ ခုနဲ့ စနိုက်ပါ မှန်ပြောင်းတစ်ခုကို စစ်ဆေးတွေ့ရှိပြီး ဒီအမှုနဲ့ ပတ်သက်လို့ ရန်ကုန် ACE ဟိုတယ်ကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးနေပါတယ်။

adv_banner