?bph6

Place your ads here!

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ရဲ႕ ေျပာၾကားခ်က္ကို အေမရိကန္ ႀကိဳဆုိ

နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျပည္သူသုိ႔တင္ျပခ်က္ပါ မွတ္ခ်က္စကား ေတြကို ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံရုံးက ႀကိဳဆိုတယ္လို႔ ေအာက္တုိဘာ ၁၃ ရက္ေန႔က ထုတ္ျပန္ခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့ပါတယ္။

“နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျပည္သူသုိ႔တင္ျပခ်က္ပါ မွတ္ခ်က္စကား မ်ားနဲ႔အတူ ျမန္မာႏုိင္ငံကေန ထြက္ခြာသြားၾကတဲ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး၊ အကူအညီ လုိအပ္ေနသူ အားလုံးအတြက္ လူသားခ်င္းစာနာေထာက္ထားမႈဆုိင္ရာ အကူအညီမ်ားေပးအပ္ရန္ ဦးစားေပးေဆာင္ရြက္ေရး နဲ႔ ရခုိင္ျပည္နယ္အေရး ေျဖရွင္းရာတြင္ သက္ဆုိင္ရာက႑စံု၊ အလႊာစံု မ်ားစြာ နဲ႕ အားလုံးပါဝင္ႏုိင္ေအာင္ေဆာင္ရြက္သြားေရး ဆုိသည့္ သူရဲ႕ကတိကဝတ္ကုိ အေမရိကန္သံရုံးက ႀကဳိဆုိပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းအတြင္းက သိန္းနဲ႔ခ်ီေသာသူမ်ား ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္သုိ႔ ထြက္ခြာ တိမ္းေရွာင္သြားၾကၿပီး၊ ေသာင္းႏွင့္ခ်ီေသာသူမ်ားမွာလည္း ရခုိင္ျပည္နယ္အတြင္းရွိ အျခားေနရာေဒသမ်ားသုိ႔ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနၾကရသည္မွာ အမွန္ပင္ျဖစ္တယ္။ ရခုိင္ျပည္နယ္ နဲ႔ ျမန္မာႏုိင္ငံတစ္ဝန္းက ျပည္သူေတြအတြက္ ၿငိမ္းခ်မ္းမႈ ျပန္လည္ရရွိေရးနဲ႔ သာယာဝေျပာေရးအတြက္ ႀကဳိးပမ္းအားထုတ္မႈေတြကုိ ဆက္လက္ၿပီး ကူညီအားေပးသြားဖို႔ မိမိတုိ႔ ေမွ်ာ္လင့္လ်က္ရွိပါတယ္လို႔” လို႔ေဖာ္ျပထားပါတယ္။
……………………. ။ ။ ……………………..

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပြောကြားချက်ကို အမေရိကန် ကြိုဆို
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့တင်ပြချက်ပါ မှတ်ချက်စကား တွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြိုဆိုတယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

“နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူသို့တင်ပြချက်ပါ မှတ်ချက်စကား များနဲ့အတူ မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး၊ အကူအညီ လိုအပ်နေသူ အားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ဦးစားပေးဆောင်ရွက်ရေး နဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းရာတွင် သက်ဆိုင်ရာကဏ္ဍစုံ၊ အလွှာစုံ များစွာ နဲ့ အားလုံးပါဝင်နိုင်အောင်ဆောင်ရွက်သွားရေး ဆိုသည့် သူရဲ့ကတိကဝတ်ကို အမေရိကန်သံရုံးက ကြိုဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်းက သိန်းနဲ့ချီသောသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာ တိမ်းရှောင်သွားကြပြီး၊ သောင်းနှင့်ချီသောသူများမှာလည်း ရခိုင်ပြည်နယ်အတွင်းရှိ အခြားနေရာဒေသများသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည်မှာ အမှန်ပင်ဖြစ်တယ်။ ရခိုင်ပြည်နယ် နဲ့ မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေအတွက် ငြိမ်းချမ်းမှု ပြန်လည်ရရှိရေးနဲ့ သာယာဝပြောရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်ပြီး ကူညီအားပေးသွားဖို့ မိမိတို့ မျှော်လင့်လျက်ရှိပါတယ်လို့” လို့ဖော်ပြထားပါတယ်။

adv_banner