?bph6
Place your ads here!
………………………. ။ ။ ……………………….
နိုဝင်ဘာလအတွင်း မင်္ဂလာပွဲ ကျင်းပမယ့် နန်းမြတ်ဖြိုးသင်း
ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ လာမယ့် နိုဝင်ဘာလအတွင်း ကိုတာတာမျိုးနဲ့ လက်ထပ်ထိမ်းမြားတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Pre Wedding ရိုက်ကူးမှုတွေကို အီတလီ၊ ပြင်သစ်၊ ဥရောပမှာ လုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်နဲ့ ပုဂံဒေသတွေမှာ ရိုက်ကူးခဲ့ပါတယ်။ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးတာကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့ ချောင်းသာကမ်းခြေမှာ ပြုလုပ်သွားမှာပါ။
လက်ရှိအနုပညာလုပ်ရှားမှုတွေ အနေနဲ့ကတော့ ပင်လယ်လုပွဲ ရုပ်ရှင်ဇတ်ကား ရိုက်ကူးထားပြီး သီချင်းဆိုဖို့နဲ့ ခရီးထွက်ဖို့တွေလည်း ရှိနေသေးတယ်လို့ နန်းမြတ်ဖြိ်ုးသင်းက ပြောပါတယ်။ ဆက်လက်ပြီးတော့လည်း အနုပညာ လှုပ်ရှားမှုတွေကို အရင်ထက်ပိုပြီး ကြိုးစားလုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
adv_banner