?bph6

Place your ads here!

TPG က MDC ရွယ္ယာေတြ ထိုင္းကို ေရာင္းခ်

အေမရိကန္အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ လုပ္ငန္းစုျဖစ္တဲ့ TPG က ရန္ကုန္အေျခစိုက္ Myanmar Distillery Company ရွိ သူပိုင္ အစုရွယ္ယာေတြကို ထိုင္းႏုိင္ငံ Thai Beverage Public ကုမၸဏီလီမီတက္ဆီ ေရာင္းခ်လုိက္ပါတယ္။

ရွယ္ယာေတြ ေရာင္းခ်လိုက္တဲ့ အေၾကာင္းအရင္းကို ထုတ္ေဖာ္တာ မရွိေသးေပမယ့္ အေမရိကန္ေဒၚလာ ၄၉၄ ဒသမ ၄ သန္းဖုိး ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ TPG ဟာ Myanmar Distillery Company Group (MDC) ရွိ ရွယ္ယာေတြကို ထိုင္း ဘီလ်ံယံနာ ခ်ာ႐ိုအင္ ဆီရီဗတ္ဒါနာဘာကဒီ ပိုင္တဲ့ Thai Beverage Public Company Limited (Thai Beverage) ကို ေရာင္းခ်ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

MDC ဟာ ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕မွာ အရက္ခ်က္စက္႐ံုေတြ ရွိေနၿပီး Grand Royal အမွတ္တံဆိပ္နဲ႔ ဝီစကီ ထုတ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ အႀကီးမားဆုံး အရက္ထုတ္လုပ္တဲ့ ကုမၸဏီ ျဖစ္ပါတယ္။ ခ်ာ႐ိုအင္ဟာ အေမရိကန္ ေဒၚလာ ၁၈ ဒသမ ၅ ဘီလီယံဝန္းက်င္ ပိုင္ဆိုင္ထားတဲ့ ထိုင္းႏုိင္ငံရဲ႕ ဒုတိယ အခ်မ္းသားဆုံး သူေဌးတစ္ဦး ျဖစ္ပါတယ္။
……………….. ။ ။ …………………

TPG က MDC ရှယ်ယာတွေ ထိုင်းကို ရောင်းချ

အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုဖြစ်တဲ့ TPG က ရန်ကုန်အခြေစိုက် Myanmar Distillery Company ရှိ သူပိုင် အစုရှယ်ယာတွေကို ထိုင်းနိုင်ငံ Thai Beverage Public ကုမ္ပဏီလီမီတက်ဆီ ရောင်းချလိုက်ပါတယ်။

ရှယ်ယာတွေ ရောင်းချလိုက်တဲ့ အကြောင်းအရင်းကို ထုတ်ဖော်တာ မရှိသေးပေမယ့် အမေရိကန်ဒေါ်လာ ၄၉၄ ဒသမ ၄ သန်းဖိုး ရောင်းချခဲ့တာ ဖြစ်ပါတယ်။ TPG ဟာ Myanmar Distillery Company Group (MDC) ရှိ ရှယ်ယာတွေကို ထိုင်း ဘီလျံယံနာ ချာရိုအင် ဆီရီဗတ်ဒါနာဘာကဒီ ပိုင်တဲ့ Thai Beverage Public Company Limited (Thai Beverage) ကို ရောင်းချခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

MDC ဟာ ရန်ကုန်နဲ့ မန္တလေးမြို့မှာ အရက်ချက်စက်ရုံတွေ ရှိနေပြီး Grand Royal အမှတ်တံဆိပ်နဲ့ ဝီစကီ ထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံမှာ အကြီးမားဆုံး အရက်ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ပါတယ်။ ချာရိုအင်ဟာ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံဝန်းကျင် ပိုင်ဆိုင်ထားတဲ့ ထိုင်းနိုင်ငံရဲ့ ဒုတိယ အချမ်းသားဆုံး သူဌေးတစ်ဦး ဖြစ်ပါတယ်။

adv_banner