?bph6

Place your ads here!

တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ရဲ႕ ခယ္မ က်ပ္ သိန္း ၂၀ ေက်ာ္ အခိုးခံရ

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕နယ္၊ ဆိပ္ငယ္ေစ်းႀကီးမွာ ေစ်းဝယ္စဥ္ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ရဲ႕ ခယ္မတစ္ဦး ေငြက်ပ္ ၂၃ သိန္းေက်ာ္ အလစ္သုတ္ခံလိုက္ရပါတယ္။

တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရဲျမင္႔ေဆြရဲ႕ ခယ္မျဖစ္သူ မေမဇြန္ဦးဟာ မေန႔က ေအာက္တိုဘာ ၁၂ ရက္ေန႔မွာ ဆိပ္ငယ္ေစ်းႀကီးရွိ အထည္ တစ္ဆိုင္မွာ ေစ်းဝယ္စဥ္ ပိုက္ဆံအိတ္ကို ခဏ ခ်ထားမိၿပီးေနာက္ အလစ္သုတ္ခံလိုက္ရတာ ျဖစ္ပါတယ္။

ပိုက္ဆံအိတ္ အလစ္သုတ္ခံရၿပီးေနာက္ ဒီေန႔ ေအာက္တိုဘာ ၁၃ ရက္ေန႔မွာ ၿမိတ္အမ်ားပိုင္ အေဝးေျပးကားဝင္းအနီးမွာ ပစ္ထားတဲ့ ပိုက္ဆံအိတ္ကို ျပန္ေတြ႔ရၿပီး မွတ္ပံုတင္၊ ဘဏ္စာအုပ္ စတာေတြ ေတြ႔ရေပမယ့္ ပိုက္ဆံေတြကေတာ့ ေပ်ာက္ဆံုးသြားပါတယ္။

“ပိုက္ဆံအိတ္ကို အခိုးခံရတာ ကြ်န္ေတာ့္ မိန္းမရဲ႕ ညီမပါ၊ ၿမိတ္ၿမိဳ႕ကို တက္ရင္း ေစ်းဝယ္ရာမွ အခိုးခံရတာ ျဖစ္တယ္၊ ေငြက်ပ္ကေတာ႔ စုစုေပါင္း ၂၃ သိန္းေက်ာ္ပါတာပါ၊ ဟမ္းဆက္ ဖုန္းတစ္လံုးလည္း ပါတယ္’’ လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရဲျမင္႔ေဆြက ေျပာပါတယ္။

ပိုက္ဆံအိတ္ အခိုးခံရမႈကို ၿမိတ္ၿမိဳ႕မ ရဲစခန္းကို အသိေပးထားေပမယ့္ အမႈဖြင့္တာမ်ိဳးေတာ့ မရွိေသးဘူးလို႔ စခန္းမႉး ျမင့္လြင္က ေျပာပါတယ္။
………………… ။ ။ …………………….

တိုင်းလွှတ်တော် ကိုယ်စားလှယ်ရဲ့ ခယ်မ ကျပ် သိန်း ၂၀ ကျော် အခိုးခံရ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ ဆိပ်ငယ်ဈေးကြီးမှာ ဈေးဝယ်စဉ် တိုင်းလွှတ်တော် ကိုယ်စားလှယ်ရဲ့ ခယ်မတစ်ဦး ငွေကျပ် ၂၃ သိန်းကျော် အလစ်သုတ်ခံလိုက်ရပါတယ်။

တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေရဲ့ ခယ်မဖြစ်သူ မမေဇွန်ဦးဟာ မနေ့က အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆိပ်ငယ်ဈေးကြီးရှိ အထည် တစ်ဆိုင်မှာ ဈေးဝယ်စဉ် ပိုက်ဆံအိတ်ကို ခဏ ချထားမိပြီးနောက် အလစ်သုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ပိုက်ဆံအိတ် အလစ်သုတ်ခံရပြီးနောက် ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ မြိတ်အများပိုင် အဝေးပြေးကားဝင်းအနီးမှာ ပစ်ထားတဲ့ ပိုက်ဆံအိတ်ကို ပြန်တွေ့ရပြီး မှတ်ပုံတင်၊ ဘဏ်စာအုပ် စတာတွေ တွေ့ရပေမယ့် ပိုက်ဆံတွေကတော့ ပျောက်ဆုံးသွားပါတယ်။

“ပိုက်ဆံအိတ်ကို အခိုးခံရတာ ကျွန်တော့် မိန်းမရဲ့ ညီမပါ၊ မြိတ်မြို့ကို တက်ရင်း ဈေးဝယ်ရာမှ အခိုးခံရတာ ဖြစ်တယ်၊ ငွေကျပ်ကတော့ စုစုပေါင်း ၂၃ သိန်းကျော်ပါတာပါ၊ ဟမ်းဆက် ဖုန်းတစ်လုံးလည်း ပါတယ်’’ လို့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပါတယ်။

ပိုက်ဆံအိတ် အခိုးခံရမှုကို မြိတ်မြို့မ ရဲစခန်းကို အသိပေးထားပေမယ့် အမှုဖွင့်တာမျိုးတော့ မရှိသေးဘူးလို့ စခန်းမှူး မြင့်လွင်က ပြောပါတယ်။

adv_banner