?bph6

Place your ads here!

နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈ ထိန္းသိမ္းေရးလုပ္ငန္း ေဆာင္ရြက္ခ်က္ေတြကို စစ္ေဆး

ရခုိင္ျပည္နယ္မွာ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈ ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္ကာလ အတြင္း လံုၿခံဳေရးတပ္ဖဲြ႕၀င္ေတြနဲ႔ တပ္ပုိင္းဆုိင္ရာ ေဆာင္႐ြက္မႈမ်ားအေပၚ ေပးအပ္တဲ့ တာ၀န္ ၀တၱရားမ်ားအတုိင္း ေဆာင္႐ြက္ျခင္း ရွိ/မရွိ၊ လုိအပ္တဲ့ စံုစမ္းစစ္ေဆးေဆာင္ရြက္မႈမ်ားကုိ စံုစမ္းစစ္ေဆးေရးအဖဲြ႕နဲ႔ စစ္ေဆးလ်က္ရွိေနတယ္လုိ႔ တပ္မေတာ္ သတင္းမွန္ထုတ္ျပန္ေရး အဖြဲ႔က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္ၿမိဳ႕နယ္မ်ားအတြင္း ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၅ ရက္ေန႔တြင္ တပ္ရင္းဌာနခ်ဳပ္ ၁ ခု၊ ရဲကင္းစခန္း ၃၀ ခုတုိ႔ကုိ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္အဖဲြ႕က တစ္ၿပိဳင္နက္တည္း တုိက္ခုိက္ခဲ့ၿပီး ျပည္သူမ်ားအက်ိဳးစီးပြားနဲ႔ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းေရး ထိခုိက္လာတဲ့အတြက္ အဆုိပါ ဘူးသီးေတာင္၊ ေမာင္ေတာ နဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားအတြင္းရွိ ARSA အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္အဖဲြ႕ေတြကို ရွင္းလင္းေဆာင္ရြက္မႈ ေတြလုပ္ခဲ့ပါတယ္။

အဲဒီလိုေဆာင္႐ြက္ခဲ့မႈေၾကာင့္ ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၅ ရက္ ကေန အခု သတင္းထုတ္ျပန္ခ်ိန္ ေအာက္တုိဘာ ၁၂ ရက္ေန႔ အထိ နယ္ေျမတည္ၿငိမ္ေအးခ်မ္းမႈေတြ အထုိက္အေလ်ာက္ ရွိလာၿပီးလည္းျဖစ္ေၾကာင္း သတင္းထုတျ္ပန္ခ်က္မွာေဖာ္ျပထားပါတယ္။
…………………….. ။ ။ …………………….

နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ချက်တွေကို စစ်ဆေး

ရခိုင်ပြည်နယ်မှာ နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကာလ အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုများအပေါ် ပေးအပ်တဲ့ တာဝန် ဝတ္တရားများအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ၊ လိုအပ်တဲ့ စုံစမ်းစစ်ဆေးဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးလျက်ရှိနေတယ်လို့တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်များအတွင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် တပ်ရင်းဌာနချုပ် ၁ ခု၊ ရဲကင်းစခန်း ၃၀ ခုတို့ကို ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး ပြည်သူများအကျိုးစီးပွားနဲ့ နယ်မြေ တည်ငြိမ်အေးချမ်းရေး ထိခိုက်လာတဲ့အတွက် အဆိုပါ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင် မြို့နယ်များအတွင်းရှိ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့တွေကို ရှင်းလင်းဆောင်ရွက်မှု တွေလုပ်ခဲ့ပါတယ်။

အဲဒီလိုဆောင်ရွက်ခဲ့မှုကြောင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက် ကနေ အခု သတင်းထုတ်ပြန်ချိန် အောက်တိုဘာ ၁၂ ရက်နေ့ အထိ နယ်မြေတည်ငြိမ်အေးချမ်းမှုတွေ အထိုက်အလျောက် ရှိလာပြီးလည်းဖြစ်ကြောင်း သတင်းထုတြ်ပန်ချက်မှာဖော်ပြထားပါတယ်။

adv_banner