?bph6

Place your ads here!

တစ္လထက္ေက်ာ္ရင္ အိမ္ငွားေနသူေတြ အုပ္ခ်ဳပ္ေရးမွဴးကို အသိေပးရမယ္

အိမ္ငွားေနထိုင္သူေတြဟာ ဧည့္စာရင္းတိုင္ၾကားဖို႔ မလိုေတာ့ေပမယ့္ တစ္လထက္ေက်ာ္လြန္ေနထိုင္ မယ္ဆိုရင္ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမွဴးေတြဆီ အသိေပးအေၾကာင္းၾကား ရမယ္လို႔ ရန္ကုန္တိုင္း ေဒသႀကီး လံုၿခံဳေရးႏွင့္ နယ္စပ္ ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးေအာင္ စိုးမိုးက ေျပာၾကားလို္က္ပါတယ္။

အိမ္ငွားရမ္းေနထိုင္သူေတြအေနနဲ႔ ဧည့္စာရင္းတိုင္ၾကားဖို႔ လုိအပ္ျခင္းရွိ၊ မရွိနဲ႔ ရပ္ကြက္အတြင္း ေနထိုင္ေၾကာင္း ေထာက္ခံစာရယူခ်င္ရင္ ဘယ္လိုေဆာင္ရြက္ရမလဲဆိုတာနဲ႔ ပတ္သက္ျပီး မဂၤလာ ေတာင္ၫြန္႔ၿမိဳ႕နယ္ မဲဆႏၵနယ္အ မွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ဦးလွေဌးက လႊတ္ေတာ္မွာ ေမးျမန္းခဲ့တာကို နယ္လံု၀န္ၾကီးက ျပန္လည္ေျဖၾကားခဲ့တာပါ။

ဧည့္စာရင္းကိစၥနဲ႔ပက္သက္ၿပီး တတိယအႀကိမ္ျပင္ဆင္တဲ့ ရပ္ေက်း ဥပေဒပုဒ္မ ၁၄ အရ ေက်းရြာ အုပ္စုအတြင္း တစ္လနဲ႔အထက္ေက်ာ္လြန္ တည္းခိုေနထိုင္သူေတြကို မွတ္တမ္းထားရွိႏိုင္ဖို႔ သတ္မွတ္ နည္းလမ္းေတြနဲ႔ အညီ သက္ဆိုင္ရာ တာဝန္ရွိသူထံ အသိေပးအေၾကာင္းၾကားရမယ္လို႔ အစားထိုး ျပ႒ာန္းခဲ့ျပီးလည္းျဖစ္ပါတယ္။
…………………. ။ ။ …………………….

တစ်လထက်ကျော်ရင် အိမ်ငှားနေသူတွေ အုပ်ချုပ်ရေးမှူးကို အသိပေးရမယ်

အိမ်ငှားနေထိုင်သူတွေဟာ ဧည့်စာရင်းတိုင်ကြားဖို့ မလိုတော့ပေမယ့် တစ်လထက်ကျော်လွန်နေထိုင် မယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေဆီ အသိပေးအကြောင်းကြား ရမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင် စိုးမိုးက ပြောကြားလိ်ုက်ပါတယ်။

အိမ်ငှားရမ်းနေထိုင်သူတွေအနေနဲ့ ဧည့်စာရင်းတိုင်ကြားဖို့ လိုအပ်ခြင်းရှိ၊ မရှိနဲ့ ရပ်ကွက်အတွင်း နေထိုင်ကြောင်း ထောက်ခံစာရယူချင်ရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အ မှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးလှဌေးက လွှတ်တော်မှာ မေးမြန်းခဲ့တာကို နယ်လုံဝန်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။

ဧည့်စာရင်းကိစ္စနဲ့ပက်သက်ပြီး တတိယအကြိမ်ပြင်ဆင်တဲ့ ရပ်ကျေး ဥပဒေပုဒ်မ ၁၄ အရ ကျေးရွာ အုပ်စုအတွင်း တစ်လနဲ့အထက်ကျော်လွန် တည်းခိုနေထိုင်သူတွေကို မှတ်တမ်းထားရှိနိုင်ဖို့ သတ်မှတ် နည်းလမ်းတွေနဲ့ အညီ သက်ဆိုင်ရာ တာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမယ်လို့ အစားထိုး ပြဋ္ဌာန်းခဲ့ပြီးလည်းဖြစ်ပါတယ်။

adv_banner