


(ပညာရေး)
……………………. ။ ။ ………………………….

ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ် တည်ထောင်မယ်

ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ် တည်ထောင်ဖို့ စီစဉ်နေပြီး အကြံပြုဆွေးနွေးပွဲကို အောက်တိုဘာ ၁၁ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပါတယ်။

ငါးသယံဇာတ ရေရှည် ထုတ်ယူ အသုံးချနိုင်ရေးအတွက် သုတေသနနဲ့ ဖွံ့ဖြိုးရေး၊ ငါးလုပ်ငန်းဆိုင်ရာ အဆင့်မြင့် ပညာရပ်များ သင်ကြားတတ်မြောက်စေရေးအတွက် ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်တွေကို ကျွမ်းကျင်ဝန်ထမ်းတွေ စေလွှတ်သင်ကြားပေးနေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ အောင်သူက ပြောပါတယ်။

ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ် တည်ထောင်နိုင်ရေးအတွက် သြဂုတ်လအတွင်းက အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့ကြပြီး သြဂုတ်လ ၂၈ ရက်နေ့မှာ အတည်ပြု ဆုံးဖြတ်ခဲ့တဲ့အတွက် အကောင်အထည် ဖော်ဖို့ အခု ဆွေးနွေးပွဲကို ကျင်းပတာ ဖြစ်ပါတယ်။
(ပညာရေး)

adv_banner