?bph6

Place your ads here!

ျမန္မာကို တိုက္႐ိုက္ အျပစ္တင္ဖို႔ ၾသစေၾတးလ် ျငင္းဆို

 

ရခိုင္ျပည္နယ္ အေရးနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရကို အျပစ္တင္ဖို႔ ၾသစေၾတးလ်က ျငင္းဆိုလိုက္ပါတယ္။

ဖဲယားဖက္စ္ မီဒီယာက ျမန္မာ့ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္တို႔ကို အျပစ္တင္ဖို႔ ခ်ိန္ေရာက္ၿပီမဟုတ္လားလို႔ ၾသစေၾတးလ် ႏိုင္ငံျခားေရး ဝန္ႀကီး ဂ်ဴလီ ဘစ္ေရွာ့ကို ေမးျမန္းခဲ့ပါတယ္။

အဲဒီအေမးနဲ႔ ပတ္သက္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီး ေျပာခြင့္ရသူကဆင့္ ေျဖၾကားရာမွာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ အားလံုးကို အျပစ္တင္ပါတယ္၊ တာဝန္ရွိတဲ့ ႏိုင္ငံက တာဝန္ယူရပါမယ္လို႔သာ ေယဘုယ် ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာကို တိုက်ရိုက် အပြစ်တင်ဖို့ သြစတြေးလျ ငြင်းဆို

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အပြစ်တင်ဖို့ သြသတြေးလျက ငြင်းဆိုလိုက်ပါတယ်။

ဖဲယားဖက်စ် မီဒီယာက မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်တို့ကို အပြစ်တင်ဖို့ ချိန်ရောက်ပြီမဟုတ်လားလို့ သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူလီ ဘစ်ရှော့ကို မေးမြန်းခဲ့ပါတယ်။

အဲဒီအမေးနဲ့ ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီး ပြောခွင့်ရသူကဆင့် ဖြေကြားရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကို အပြစ်တင်ပါတယ်၊ တာဝန်ရှိတဲ့ နိုင်ငံက တာဝန်ယူရပါမယ်လို့သာ ယေဘုယျ ပြောခဲ့ပါတယ်။

adv_banner