?bph6

Place your ads here!

အခ်ဳပ္ေဖာက္ေျပးသူ တစ္ဦးျပန္မိ၊ ရဲရွစ္ဦးကို ဖမ္းဆီး အေရးယူထား

မေကြးၿမိဳ႕မရဲစခန္းကေန အခ်ဳပ္ေဖာက္ ထြက္ေျပးသြားတဲ့ ေျခာက္ေယာက္အနက္ တစ္ယာက္ကို ျပန္မိခဲ့ၿပီး ဒီျဖစ္စဥ္အတြက္ အခ်ဳပ္ခန္း တာဝန္က် ဒုရဲအုပ္ ေအာင္ေက်ာ္မင္း အပါအဝင္ ကင္းမွဴးကင္းသား ရွစ္ဦးကို မေကြးၿမိဳ႕မ ရဲစခန္းမွာ ဖမ္းဆီးထားၿပီး ရဲစည္ကမ္းထိန္းသိမ္းေရး ဥပေဒနဲ႔ အရးယူထားပါတယ္။

ဖမ္းမိထားသူဟာ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၃၃၆/ ၁၁၄ အမႈေတြနဲ႔ တရားရင္ဆိုင္ေနရတဲ့ သိန္းမင္းထိုက္ ဆိုသူ ျဖစ္ၿပီး ထြက္ေျပးတဲ့ ေအာက္တိုဘာ ၁၁ ရက္ေန႔ ည ၈ နာရီေက်ာ္မွာ သူ႔အေမအိမ္ကိုလာတဲ့အခ်ိန္ ဖမ္းဆီးမိခဲ့တာ ျဖစ္ပါတယ္။

အခ်ဳပ္ခန္းေဖာက္ ထြက္ေျပးသူေတြအနက္ ေလးဦးဟာ မုဒိမ္းမႈနဲ႔ ခ်ဳပ္ထားတာ ျဖစ္ၿပီး မူးယစ္မႈနဲ႔တစ္ဦး၊ ခိုးမႈနဲ႔တစ္ဦးျဖစ္ပါတယ္။ ထြက္ေျပး လြတ္ေျမာက္ေနသူေတြဟာ စကုၿမိဳ႕နယ္ မင္းရြာေန ဘုိဘုိလတ္ (၂၈ ႏွစ္)၊ မေကြးၿမိဳ႕ အထက္ပြဲႀကိဳရပ္ေန စိုင္းသီဟ (၂၁ ႏွစ္)၊ မေကြးၿမိဳ႕ ျမင္ကြန္းေက်းရြာေန ခ်စ္ကုိ (၂၄ ႏွစ္)၊ မေကြး ယင္းဆိပ္ ေက်ာင္းေတာ္ဦး ေက်းရြာေန ေအာင္ေဇာ္လင္း (၂၈ႏွစ္) နဲ႔ မေကြးၿမိဳ႕ အလပ္ေက်းရြာေန ခိုင္စိုး (၂၈ႏွစ္) တို႔ ျဖစ္ပါတယ္။
……………………. ။ ။ ……………………….

အချုပ်ဖောက်ပြေးသူတစ်ဦးပြန်မိ၊ ရဲရှစ်ဦးကို ဖမ်းဆီးအရေးယူထား

မကွေးမြို့မရဲစခန်းကနေ အချုပ်ဖောက် ထွက်ပြေးသွားတဲ့ ခြောက်ယောက်အနက် တစ်ယာက်ကို ပြန်မိခဲ့ပြီး ဒီဖြစ်စဉ်အတွက် အချုပ်ခန်း တာဝန်ကျ ဒုရဲအုပ် အောင်ကျော်မင်း အပါအဝင် ကင်းမှူးကင်းသား ရှစ်ဦးကို မကွေးမြို့မ ရဲစခန်းမှာ ဖမ်းဆီးထားပြီး ရဲစည်ကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရးယူထားပါတယ်။

ဖမ်းမိထားသူဟာ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၃၆/ ၁၁၄ အမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ သိန်းမင်းထိုက် ဆိုသူ ဖြစ်ပြီး ထွက်ပြေးတဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ည ၈ နာရီကျော်မှာ သူ့အမေအိမ်ကိုလာတဲ့အချိန် ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

အချုပ်ခန်းဖောက် ထွက်ပြေးသူတွေအနက် လေးဦးဟာ မုဒိမ်းမှုနဲ့ ချုပ်ထားတာ ဖြစ်ပြီး မူးယစ်မှုနဲ့တစ်ဦး၊ ခိုးမှုနဲ့တစ်ဦးဖြစ်ပါတယ်။ ထွက်ပြေး လွတ်မြောက်နေသူတွေဟာ စကုမြို့နယ် မင်းရွာနေ ဘိုဘိုလတ် (၂၈ နှစ်)၊ မကွေးမြို့ အထက်ပွဲကြိုရပ်နေ စိုင်းသီဟ (၂၁ နှစ်)၊ မကွေးမြို့ မြင်ကွန်းကျေးရွာနေ ချစ်ကို (၂၄ နှစ်)၊ မကွေး ယင်းဆိပ် ကျောင်းတော်ဦး ကျေးရွာနေ အောင်ဇော်လင်း (၂၈နှစ်) နဲ့ မကွေးမြို့ အလပ်ကျေးရွာနေ ခိုင်စိုး (၂၈နှစ်) တို့ ဖြစ်ပါတယ်။

adv_banner