ဘဂၤါလီေတြ ျပန္ေခၚေရး ေဆြးေႏြးဖို ့ဘဂၤလားေဒ့ရွ္ ျပည္ထဲေရးဝန္ႀကီး ျမန္မာကို လာမယ္

ရခိုင္ျပည္နယ္ အေရးေၾကာင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံထဲေရာက္ေနတဲ့ ဘဂၤါလီဒုကၡသည္ေတြကို ျပန္ေခၚေရး ေဆြးေႏြးဖို႔ ဘဂၤလားေဒ့ရွ္ ျပည္ထဲေရးဝန္ႀကီး အာဆာဒက္ဇ္ဇမန္း ခန္း ျမန္မာႏိုင္ငံကို ေအာက္တိုဘာ ၂၃ ရက္ေန႔မွာ လာေရာက္မွာ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ခြာလာသူေတြနဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရ အေနနဲ႔ ကိုင္တြယ္ေျဖရွင္းမွသာ ျမန္မာျပည္ကလူေတြ ဘဂၤလားေဒ့ရွ္ ႏိုင္ငံထဲ ထပ္ၿပီးဝင္ေရာက္မလာမွာ ျဖစ္ေၾကာင္းနဲ႔ အဲဒီ ထြက္ေျပးလာသူေတြကို ျပန္ေခၚဖို႔ ျမန္မာအစိုးရကို ေတာင္းဆိုမွာ ျဖစ္ပါတယ္။

လူဦးေရ ငါးသိန္းနီးပါးရွိတဲ့ ဘဂၤါလီေတြဟာ ၁ လခြဲအတြင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံထဲကို ထြက္ေျပးခဲ့ၾကပါတယ္။ ဘဂၤလားေဒ့ရွ္ဘက္က ဒုကၡသည္ျပန္ပို႔ေရးကို ၁၉၉၂ ခုႏွစ္ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္အတိုင္း မလုပ္ဖို႔နဲ႔ အစီအစဥ္သစ္တစ္ရပ္လုပ္ဖို႔ ေတာင္းဆိုထားေပမယ့္ ျမန္မာအစိုးရကေတာ့ အမွန္တကယ္ ေနထိုင္ခဲ့သူေတြကိုသာ လက္ခံသြားမယ္လို ့တံု႔ျပန္ထားပါတယ္။
……………………. ။ ။ ……………………..

ဘင်္ဂါလီတွေ ပြန်ခေါ်ရေး ဆွေးနွေးဖို ့ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မြန်မာကို လာမယ်

ရခိုင်ပြည်နယ် အရေးကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲရောက်နေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို ပြန်ခေါ်ရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆာဒက်ဇ်ဇမန်း ခန်း မြန်မာနိုင်ငံကို အောက်တိုဘာ ၂၃ ရက်နေ့မှာ လာရောက်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာလာသူတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ ကိုင်တွယ်ဖြေရှင်းမှသာ မြန်မာပြည်ကလူတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထပ်ပြီးဝင်ရောက်မလာမှာ ဖြစ်ကြောင်းနဲ့ အဲဒီ ထွက်ပြေးလာသူတွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရကို တောင်းဆိုမှာ ဖြစ်ပါတယ်။

လူဦးရေ ငါးသိန်းနီးပါးရှိတဲ့ ဘင်္ဂါလီတွေဟာ ၁ လခွဲအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေးခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်ပြန်ပို့ရေးကို ၁၉၉၂ ခုနှစ် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း မလုပ်ဖို့နဲ့ အစီအစဉ်သစ်တစ်ရပ်လုပ်ဖို့ တောင်းဆိုထားပေမယ့် မြန်မာအစိုးရကတော့ အမှန်တကယ် နေထိုင်ခဲ့သူတွေကိုသာ လက်ခံသွားမယ်လို ့တုံ့ပြန်ထားပါတယ်။

adv_banner