?bph6

Place your ads here!




…………………….. ။ ။ ……………………..

ကျောင်း အာဟာရ အစီအစဉ်မှာ WFP ပါဝင်ဖို့ အစိုးရ ဖိတ်ခေါ်
အခြေခံပညာကျောင်းများမှာ အာဟာရဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ခြင်း၊ အားကစားပြု လုပ်ခြင်း၊ အာဟာရကျွေးမွေးခြင်း တို့ အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်ပြီး WFP အနေနဲ့ ပူးပေါင်းပါဝင်ဖို့ အစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။

အောက်တိုဘာ ၁၂ ရက်က နေပြည်တော်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရဲ့ အာရှနှင့်ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Mr.David Kaatrud တို့ တွေ့ဆုံတုန်း မြန်မာဘက်က ကမ်းလှမ်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အာဟာရမြှင့်တင်ရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ မှာလည်း WFP အနေနဲ့ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

adv_banner