?bph6

Place your ads here!

ရခိုင္အေရး ဂ်ပန္နဲ႔ ၿဗိတိန္နိုင္ငံတို႔က ေထာက္ပံ႔ကူညီ ေပးမယ္

ရခိုင္အေရးမွာ ဂ်ပန္နဲ႔ ၿဗိတိန္နိုင္ငံတို႔က နည္းပညာဆိုင္ရာ အကူအညီအေထာက္ အပံ့ေတြ ေပးသြားမွာျဖစ္ျပီး အစုိုးရရဲ႕ရခိုင္အေရးလုပ္ေဆာင္ခ်က္ေတြကို ဂ်ပန္က ဆက္လက္ေထာက္ခံသြားမွာ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၁၂ ရက္က ေနျပည္ေတာ္မွာ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ျပန္လည္ေနရာ ခ်ထားေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔ ဂ်ပန္သံအမတ္ျကီး H.E. Mr. Tateshi Higuchi ၊ ျဗိတိန္သံအမတ္ျကီး H.E. Mr. Andrew Patrick တို႔ သီးျခားစီ ေတြ႔ဆံုတုန္း ေျပာဆိုေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ရခိုင္အႀကံေပးေကာ္မရွင္၏ အႀကံျပဳခ်က္ေတြကို အေကာင္အထည္ေဖာ္ရာမွာ ဂ်ပန္နိုင္ငံက ပူးေပါင္း ပါဝင္ကူညီေပးမယ့္ကိစၥမ်ား၊ နိုင္ငံေတာ္က ထိထိေရာက္ေရာက္ ေဆာင္ရြက္ေနတဲ့ အကူအညီေပးေရး လုပ္ငန္းမ်ားအား သိရွိၿပီး ဂ်ပန္နိုင္ငံအေနနဲ႔ ဆက္လက္ေထာက္ခံသြားမယ့္ကိစၥ၊ ရခိုင္အေရးနဲ႔ ပတ္သတ္ျပီး ျဗိတိန္နိုင္ငံက ျမန္မာနိုင္ငံကို နည္းပညာဆိုင္ရာ အကူအညီအေထာက္အပံ့နဲ႔ အျခား လိုအပ္တဲ့ အကူအညီမ်ားေပးမယ့္ ကိစၥရပ္ေတြ ေဆြး ေႏြးခဲ့ၾကတယ္လို႔ အစိုးရသတင္းမွာ ေဖာ္ျပပါတယ္။(USA)
………………….. ။ ။ ……………………..

ရခိုင်အရေး ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့က ထောက်ပံ့ကူညီပေးမယ်

ရခိုင်အရေးမှာ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့က နည်းပညာဆိုင်ရာ အကူအညီအထောက် အပံ့တွေ ပေးသွားမှာဖြစ်ပြီး အစိုုးရရဲ့ရခိုင်အရေးလုပ်ဆောင်ချက်တွေကို ဂျပန်က ဆက်လက်ထောက်ခံသွားမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၂ ရက်က နေပြည်တော်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi Higuchi ၊ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick တို့ သီးခြားစီ တွေ့ဆုံတုန်း ပြောဆိုဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်တွေကို အကောင်အထည်ဖော်ရာမှာ ဂျပန်နိုင်ငံက ပူးပေါင်း ပါဝင်ကူညီပေးမယ့်ကိစ္စများ၊ နိုင်ငံတော်က ထိထိရောက်ရောက် ဆောင်ရွက်နေတဲ့ အကူအညီပေးရေး လုပ်ငန်းများအား သိရှိပြီး ဂျပန်နိုင်ငံအနေနဲ့ ဆက်လက်ထောက်ခံသွားမယ့်ကိစ္စ၊ ရခိုင်အရေးနဲ့ ပတ်သတ်ပြီး ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံကို နည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့နဲ့ အခြား လိုအပ်တဲ့ အကူအညီများပေးမယ့် ကိစ္စရပ်တွေ ဆွေး နွေးခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။(USA)

adv_banner