?bph6

Place your ads here!




…………………… ။ ။ …………………..

အာနန်ကော်မရှင် အစီရင်ခံစာကို လမ်းပြမြေပုံအဖြစ်သုံးဖို့ ကုလမှာ ပြောမယ်

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်က ရခိုင်ပြည်နယ်တည်ငြိမ်အေး ချမ်းဖွံ့ဖြိုးတိုး တက်ရေးအတွက် သူ့ ကော်မရှင်အစီရင်ခံစာကို လမ်းပြမြေပုံအဖြစ်သုံးဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ပြောဆိုမှာ ဖြစ်ပါတယ်။

ကိုဖီအာနန်ဖောင်ဒေးရှင်း ဝက်ဘ်ဆိုက်မှာ အောက်တိုဘာလ ၁၂ ရက်ရက့်စွဲနဲ့ သတင်း ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြခဲ့တာဖြစ်ပြီး ရခိုင်မှာ စစ်ဆင်ရေးတွေကို အမြန်ဆုံး အဆုံးသတ်ဖို့၊ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့နဲဒေသခံတွေကို အကာအကွယ်ပေးဖို့ လိုအပ်ကြောင်း အာနန်က အဓိက ပြောမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ စံတော်ချိန် စနေနေ့မနက်အစောပိုင်း ၁ နာရီခွဲမှာ မစ္စတာအာနန်က လုံခြုံရေးကောင်စီမှာ ပြောမှာဖြစ်ပြီး မြန်မာအစိုးရကလည်း အာနန်ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း ရခိုင်မှာ အကောင် အထည်ဖော်လုပ်ဆောင်မယ်လို့ ပြောထားပါတယ်။

adv_banner